Home
ရုပ်သံ
‘မြန်မာပေါကားတွေရပ်’ရုပ်ရှင် ဇန်နဝါရီ ၃၀ ရုံတင်မည်(ရုပ်ရှင် Teaser)
DVB
·
January 24, 2020
81805669_887989561619499_1497428936022294528_o
ဝါရင့်သရုပ်ဆောင်တွေအများကြီးပါဝင်ထားကြတဲ့ ‘မြန်မာပေါကားတွေရပ်’ အမည်ရတဲ့ ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။        ဒီရုပ်ရှင်ကားကတော့ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ UKZ Film Production ကနေ ပွဲဉီးထွက် ထုတ်လုပ်လိုက်တာဖြစ်ပြီး ဂေါက်ကြီးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မိုက်တီးက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        မြန်မာ့ရုပ်ရှင်လောကမှာ ခုနောက်ပိုင်း အရွေ့တခုလို ဖြစ်လာနေခဲ့ပြီး ကျယ်ကျယ် လောင်လောင် ဝေဖန်ပြစ်တင်မှုတွေနဲ့ ပေါကားတွေရပ်ကြဖို့ နှိုးဆော်မှုတရပ်အနေနဲ့ ရေပန်းစားခဲ့တဲ့ ဒီစကားလုံးကိုယူကာ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ဘယ်လိုရိုက်ကူးပုံ ဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရမှာပါ။        ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ ခိုင်သင်းကြည်၊ အိနြ္ဒာကျော်ဇင်တို့နဲ့အတူ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်စတဲ့ ဟာသသရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာမှ ရုံတင်ခွင့်ကျခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းမှာတော့ “ပေါကားတွေရပ် ဆိုတဲ့ အချိန်ကစလို့ မြန်မာကားတိုင်း ပေါကားနီးပါး အပြောခံရတာ တော်တော်ဆိုးပါတယ်။ အနုပညာရှင်တိုင်း ပရိတ်သတ် ချစ်ခင်အားပေးတာကို လိုချင်ကြတာပါ။ ပေါမဟုတ်ပဲ ဟာသကားတွေကိုလည်း လက်ခံ အားပေးစေချင်ပါတယ်။ ၂၀၁၇ မှာရိုက်ခဲ့တဲ့ "မြန်မာပေါကားတွေရပ်"ကဟာသကားပါ။ အပြင်မှာ အော်နေကြတဲ့ မြန်မာပေါကားတွေရပ်လို့ ဆိုတဲ့အချိန် အနုပညာလောကမှာ သရုပ်ဆောင်တွေ စိတ်ဝမ်းကွဲပြီး စကားများကြ၊ တစ်ယောက်တစ်ယောက် အမြင်စောင်းပြီး အနုပညာလောက နှစ်ခြမ်းကွဲတာကို ဟာသရောပြီး ရိုက်ကူးထားတာပါ”လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024