Home
မြန်မာသတင်း
ဘားအံပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်
DVB
·
January 17, 2020
83752608_536952333831711_6123395213902741504_o
83651373_536953993831545_8343340805636751360_o
82790252_536952240498387_6277734962468749312_o
82414306_536953557164922_6388566705211179008_o
82383555_536954133831531_8045006965597798400_o
82343479_536953350498276_2251312150213558272_o
အခြေခံပညာကျောင်းတွေမှာ အတန်းငယ်တွေ မတ်လကုန်အထိစာသင်ဖို့ ပညာရေးဌာနက လုပ်ဆောင်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဘားအံပညာရေးကောလိပ် သမဂ္ဂက ဦးဆောင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါ ရီ ၁၆ ရက် နေ့လယ်က ဘားအံပညာရေးကောလိပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဘားအံပညာရေးကောလိပ်၊ သတင်းအချက်အလက်နှင့် ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးသုတထိုက်က “လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ပေးတာတွေမရှိရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်"လို့ ပြောပါတယ်။ အတန်းငယ်တွေ မတ်လမှ စာမေးပွဲဖြေဆိုမယ်ဆိုရင် ဆရာ ဆရာမတွေအနေနဲ့ နွေရာသီ သင်တန်းတွေ တက်ရောက်ရတာတွေကြောင့် အားလပ်ချိန်နဲ့ နားရက်မရှိတဲ့အပြင် ကျောင်းသူ ကျောင်းသားတွေ အပူဒဏ်ကြောင့် ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။ ဘားအံပညာရေးကောလိပ် သမဂ္ဂဝင် အယောက် ၂၀ က ဖဲကြိုးစိမ်း ၇၀၀ လောက်ကို ဝေငှတပ်ဆင်ပေးခဲ့သလို စတေကာပြား​တွေကို ကိုင်ဆောင်လှုပ်ရှားခဲ့ပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စစ်ကိုင်း၊ မကွေး၊ ပခုက္ကူ၊ မန္တလေး၊ မိထ္ထီလာ၊ လွိုင်ကော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ထားဝယ်၊ ရန်ကင်း၊ မုံရွာ၊ တောင်ငူနဲ့ လှည်းကူး ပညာရေးကောလိပ်တွေမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024