Home
မြန်မာသတင်း
ဆေးရုံတင်ထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ကို သမ္မတနှင့်ဇနီး တွေ့ဆုံအားပေး
DVB
·
January 3, 2020
82120934_2654671574599476_110682260700659712_o
81943028_2842991332428970_1269439900013297664_o
81645713_2654671524599481_7369610542119387136_o
81280906_2654671551266145_2311251927817519104_o
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အဆုပ်အအေးပတ်လို့ ဆေးရုံတင်ထားရပါတယ်။  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးကို တက်ရောက်ခဲ့တာပါ။။ အခုလို ဆေးရုံတင်ထားရတဲ့အတွက် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ ဇနီးက လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။  ဒီနေ့ အဖျားလည်းကျပြီး ကျန်းကျန်းမာမာရှိတယ်လို့ ဒေါက်တာဇော်မြင့်မောင်ကို ကုသပေးနေတဲ့ ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဖြစ်ပွားနေတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်ကတည်းက ထိုင်းနိုင်ငံမှာ ဆေးကုသမှု သွားရောက်ခံယူခဲ့ပါတယ်။  ဆေးကုသမှုခံယူပြီး သက်သာလာတဲ့အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲ ပြန်ရောက်လာခဲ့တာပါ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ  ဆေးသွင်းဖို့အတွက် ထိုင်းနိုင်ငံ ပြန်လည်သွားရမှာလို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေနဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးကို ရယူထားရကာ အစိုးရတာဝန်တွေနဲ့ ပါတီတာဝန်တွေကို ဆောင်ရွက်လုပ်ကိုင်နေရသူဖြစ်ပါတယ်။ နိုင်လင်းဦး   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024