အာခါတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
DVB
·
December 28, 2019
အာခါတိုင်းရင်းသားတွေရဲ့ ၄၅ ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်းက ကော်မယ်လိတ်ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
အာခါတိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးနေ့ကို ၁၉၇၅ ခုနှစ်ကတည်းက အာခါတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ခဲ့တာပါ။
အခုနှစ်သစ်ကူးနေ့ဟာ လူမျိုးအုပ်စုလိုက် တသီးတသန့် ကျင်းပတာ မဟုတ်ဘဲ အာခါတိုင်းရင်းသားမျိုးနွယ်အုပ်စုဝင်တွေနဲ့ ဘာသာဝင်ပေါင်းစုံ စုပေါင်းကျင်းပတဲ့ပွဲဖြစ်တယ်လို့ ပွဲတာဝန်ရှိသူက ပြောပါတယ်။
အာခါတိုင်းရင်းသားတွေမှာ ရိုးရာ ရာသီပွဲတော်တွေအဖြစ် ဒန်းစီးပွဲ၊ ကောက်သစ်စားပွဲ၊ ခါးထောင်းပွဲနဲ့ နှစ်သစ်ကူးပွဲဆိုပြီး ရှိကြပါတယ်။ သံလွှင်မြစ်ဝှမ်းနဲ့ မဲခေါင်မြစ်ဝှမ်းအကြား အာခါတိုင်းရင်းသား လူဦးရေ ၅ သိန်းကျော်ရှိပြီး တရုတ်၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပျံ့နှံ့နေထိုင်ကြပါတယ်။
ကိုဇက်