လေပွေလှိုင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်
DVB
·
December 25, 2019
မြန်မာပြည်အထက်ပိုင်းက ပြည်နယ်နဲ့တိုင်းဒေသကြီး တချို့မှာ ခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်း အချိန်အခါ မဟုတ် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။