Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ လေးမျက်နှာမြို့တွင် ပြုလုပ်
DVB
·
December 11, 2019
79662039_1514963005308593_7048806665843376128_n
79417559_1514962848641942_1398394046807801856_n
79190726_1514962971975263_7390396221031972864_n
78844310_1514962825308611_5411289176664440832_n
78761880_1514962921975268_3936167411719340032_n
နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ လေးမျက်နှာမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊  အရပ်ဘက်လူမှုရေး အဖွဲ့အစည်းတွေက စုပေါင်းထောက်ခံပွဲကို ပြုလုပ်ခဲ့ကြတာပါ။   လေးမျက်နှာမြို့တွင်းမှာ လူအင်အား ၁၀၀၀ ကျော်က ICJ မှာ နိုင်ငံအကျိုးအတွက်သွားရောက်ဖြေရှင်းပေးမည့် ဒေါ်အောင်ဆန်းစုကြည်နှင်အဖွဲ့ (အောင်မြင်ပါစေ)၊ နိုင်ငံအကျိုးစီးပွားကို ကာကွယ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည်အား (ထောက်ခံပါသည်)၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သက်တော်ရာကျော်ရှည်ပါစေ)စတဲ့ ကြွေးကြော်သံ တွေနဲ့​ လေးမျက်နှာမြို့ဘောလုံးကွင်းထဲမှာ ဟောပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကြားနာနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024