Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရပ်တည်ထောက်ခံပွဲ ရှမ်းပြည်နယ်တွင် ကျင်းပ 
DVB
·
December 10, 2019
66777
33444
11122
6677
5566
4455
3344
2233
2223
1122
နိုင်ငံတကာတရားရုံး ICJ မှာ  အမှုသွားရောက်ရင်ဆိုင်နေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ထောက်ခံရပ်တည်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဲ့ဒီထောက်ခံပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တောင်ကြီး၊ ဖယ်ခုံ၊ နမ့်စန်၊ ဟိုပုံးမြို့နယ်က ဒေသခံတိုင်းရင်းသား ပြည်သူလူထု ၃၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ အလားတူ တာချီလိတ်မြို့မှာလည်း  လူထုထောက်ခံပွဲ၊ ဟောပြောပွဲနဲ့ စီတန်းလမ်းလျှောက်ပွဲကို ဒီနေ့မနက်က  ကျင်းပခဲ့ရာမှာ မြို့ပေါ်နေ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေ လူအင်အား ၅၀၀လောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ပန်းသေးဂျာမေဗလီက ရှေ့ဆောင်ဆရာ ဦးထွန်းမြင့် “နိုင်ငံမှာ ဘေးကျရောက်လာရင် ဒီနိုင်ငံက ပြည်သူတွေပဲ ခံစားရမှာဖြစ်လို့ သွားရောက်ဖြေရှင်းတာကို ကျနော်တို့ ကလည်း ထောက်ခံပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကလည်း အောင်မြင်အောင် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။ သတင်း- ခွန်ဇော်ဦး/ ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024