Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ထောက်ခံရပ်တည်ပွဲ မုံရွာတွင် ဒုတိယအကြိမ်ပြုလုပ်
Aung Ko Latt
·
December 10, 2019
79774865_1188145768057083_7861484567817879552_n
79741038_1188145981390395_7063239697283153920_n
79251889_1188145054723821_2554513163156455424_n
79137275_1188145884723738_8850876678688210944_n
79022511_1188145581390435_3577000153116049408_n
78882529_1188144754723851_6629126268681977856_n
78844736_1188145428057117_7093692492880543744_n
78785455_1188145118057148_7967560441733840896_n
78599512_1188144964723830_4183748920301584384_n
78251964_1188144914723835_1235328470884548608_n
77104889_1188144884723838_2408230987986108416_n
ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ သွားရောက်ဖြေရှင်းနေပါတယ်။  ဒီအပေါ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူရပ်တည် ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့  ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က မုံရွာမြို့မှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့တာပါ။  ဒီပွဲမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း မုံရွာမှာ လူထုထောက်ခံပွဲကို ပထမအကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။ ရပ်တည် ထောက်ခံပွဲတွေကို စစ်ကိုင်းတိုင်းအတွင်း မုံရွာအပြင် ဘုတလင်၊ ချောင်းဦး၊ ခန္တီး၊ ဗန်းမောက်၊ ဒီပဲယင်း၊ ဝက်လက်စတဲ့မြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဦးဆောင်မှုနောက်မှာ ပြည်သူတွေ တသားထဲ ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူ မုံရွာမြို့ခံ အရပ်ဖက်အဖွဲ့စည်းတွေက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024