Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ အင်္ဂပူမြို့နယ်နှင့်​​ မြန်အောင်မြို့နယ် ပူးပေါင်းကျင်းပ
DVB
·
December 10, 2019
79793395_1513832762088284_3760209168607215616_n
79480483_1513832685421625_1429460283994144768_n
79151763_1513832532088307_1814875303219036160_n
78948028_1513832348754992_8483670864804446208_n
78884749_1513832272088333_8583002892741378048_n
နိုင်ငံတကာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံကိုယ်စား တရားရင်ဆိုင်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ အင်္ဂပူမြို့နယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနဲ့ အရပ်ဖက်လူမူရေးအဖွဲ့အစည်းတွေက စုပေါင်းထောက်ခံပွဲ ကို ဒီနေ့ ပြုလုပ်ပါတယ်။ လူထုထောက်ခံပွဲမှာ အင်္ဂပူမြို့နယ်နဲ့ မြန်အောင်မြို့နယ်အတွင်းက စုပေါင်းလူအင်အား ၁၀၀၀ ကျော်ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ (အောင်မြင်ပါစေ)၊ ဒေါ်အောင်ဆန်းစုကြည်အား (ထောက်ခံပါသည်)၊ ဒေါ်အောင်ဆန်းစုကြည် (သက်တော်ရာကျော်ရှည်ပါစေ)စတဲ့ ကြွေးကြော်သံတွေနဲ့ ပုသိမ်-မုံရွာလမ်းမ​ကြီးအတိုင်း စီတန်း လှည့်လည်ကြပါတယ်။ သတင်း - သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024