မိုင်းပန်မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ
DVB
·
December 9, 2019
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲက လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီး တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ပူးပေါင်းအဖွဲ့ဟာ မိုင်းပန်ကနေမိုင်းတုံကို စိုင်းစွမ်ဟန် မောင်းနှင်ပြီး စိုင်းနော်ခမ်းနှစ် လိုက်ပါလာတဲ့ မီဆူဘီရှီအမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်ကြမ်းခင်းအတွင်းနဲ့ ဝဲ/ယာဘော်ဒီအတွင်းတို့မှ WY စိတ်ကြွဆေးပြား ၁,၁၅၀ ,၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ စိုင်းစွမ်ဟန်နဲ့ စိုင်းနော်ခမ်းတို့ ၂ ဦးအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားပါတယ်။