Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် ၆၁.၉ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ဟု ဝန်ကြီးချုပ်ပြော
DVB
·
December 6, 2019
79655372_10220406026251072_1054043085345914880_o
79517289_10220406024611031_5520095292570992640_o
79354125_10220406024571030_5681377525058502656_o
79273861_10220406028051117_2247591458699739136_o
79150652_10220406028451127_4132181395462160384_o
လက်ရှိအစိုးရ စတင်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း ကချင်ပြည်နယ်မှာ လျှပ်စစ်မီးရရှိမှု ၂၄.၉၇ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ ၆၁.၉ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားပေနိုင်ခဲ့တယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှာ ပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းပြည့်အခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ ဒါ့အပြင် လက်ရှိဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း ၂၀၃၆၅ ဒဿမ ၇ အထိ သုံးစွဲကာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်မှာ ဖြစ်တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အပြီး ကချင်ပြည်နယ်ရဲ့ ၆၈.၁၁ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအနေနဲ့ လာမယ့် ၂၀၃၀ ခုနှစ်အတွင်း တပြည်နယ်လုံး မီးလင်းရေးအတွက် စီမံချက်ချထားမှုတွေရှိတာကြောင့် ကျန်ရှိနေသေးတဲ့ ကျေးရွာမြို့နယ်တွေကို လျှပ်စစ်မီးရရှိအောင် ပေးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရ အဖွဲ့တို့နဲ့ ညှိနှိုင်းပြီး (Mini hydro) ရေအားလျှပ်စစ်အသေးစားတွေ၊ ဆိုလာစနစ်တွေနဲ့ လေအား စနစ်တွေကို အသုံးပြုပြီး မီးရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကချင်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး သိရပါတယ်။ ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024