Home
မြန်မာသတင်း
ဂျပန်ရေတွင်းပစ်ခတ်မှု မွန်ပြည်သစ်ပါတီနှင့် တပ်မတော် ညှိနှိုင်းနေဆဲ
နော်နိုရင်း
·
December 4, 2019
78629940_1190287941170455_3953686776593252352_n
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာအနီး မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်တို့ အကြားဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေတယ်လို့ မွန်ပြည်သစ်ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။  ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်း မွန်ပြည်သစ်တပ်တည်စခန်းနေရာကို တပ်မတော်ဘက်က တပတ်ကြာလောက် ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး အဆိုပါစခန်းအား မွန်ပြည်သစ်ပါတီကို အပ်နှံဖို့ ဒီဇင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရရှိသေးပါဘူး။ ဒီကနေ့မှာလည်း နှစ်ဖက်တာဝန်ရှိသူတွေ ဘုရားသုံးဆူမြို့မှာ တွေ့ဆုံဆွေးနွေးနေခဲ့ကြတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်အုပ်ချုပ်ရေး ဒေသ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ဒီဗွီဘီကို ပြောပါတယ်။ “ဖြစ်လာတဲ့ပြဿနာကို ကျနော်တို့က လောလောဆယ် နိုင်ငံရေးအရပဲ ဖြေရှင်းနေတယ်။ နောက်တခုကတော့ အဓိက ကျနော်တို့က ဒေသတည်ငြိမ်အေးချမ်းရေးကို ကျနော်တို့က ဦးစားပေးပြီးတော့ လုပ်နေတယ်လို့ပဲ အခုအနေအထားမှာ ဒီလောက်နဲ့ပဲ ကျနော် ပြောပါရစေ။ အဲဒီဟာကိုပဲ ကျနော်တို့က အခုပြန်ပြီးတော့ ဆွေးနွေးနေတာ။ ” ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းအနီးမှာ  နိုဝင်ဘာ ၂၇ ရက်မနက်က မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို  ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရပါတယ်။  ဒါ့အပြင် ဂျပန်ရေတွင်းရွာအနီးတဝိုက်မှာ ဒီဇင်ဘာ ၁ ရက်နေ့ သန်းခေါင်ကျော်နဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ အစောပိုင်းက ပစ်ခတ်မှု ထပ်မံဖြစ်ပွားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024