Home
မြန်မာသတင်း
မကွေးတွင် အိမ်ဆောက်ရန် လိုင်းကျင်းတူးရာက ဗုံးနှင့် ကျည်ဆန်များတွေ့ရှိ
DVB
·
December 3, 2019
78269279_2516266545283422_6328845970939314176_o
78312767_2516266921950051_8435330011455553536_o
77428469_2516266718616738_6766308095346868224_o
မကွေးတိုင်းဒေသကြီး၊  မကွေးမြို့မှာ အိမ်ဆောက်ဖို  လိုင်းကျင်းတူးရာက ဗုံးနဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့လို့ တပ်မတော် တာ၀န်ရှိသူတွေက ချက်ချင်းလာရောက်စစ်ဆေးကာ သိမ်းဆည်းခဲ့ရပါတယ်။  ဒီကနေ့မနက်က မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ အမှတ်(၄)၊ သီတာလမ်းရှိ ဒေါ်ငြိမ်းငြိမ်း၀င်း ဝိုင်းမြေပေါ်မှာ တိုက်အိမ်ဆောက်ဖို့ လိုင်းကျင်းတူးရာကနေ ဗုံးသီးနဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့တာပါ။ စတင်တွေ့ရှိသူ ဆောက်လုပ်ရေး အလုပ်သမား ကိုဖြိုးဝေအောင်က “အိမ်ဆောက်ဖို့ လိုင်းကျင်းတူးနေတာ။ မြေကြီးတူးနေရင်း ကျင်းရဲ့ညာဘက်ဘေးမှာ ကျည်ဆန်တွေက ပလတ် စတစ်အိတ်ထုတ်ထဲကနေ ပြေကျနေတာ။ ကျနော်က မီးသီးဟောင်းမှတ်ပြီး မြေကြီးကို ထပ်ပေါက် (တူး)လိုက်တာ။ ယမ်းစော်နံလာလို့ နောက်ဆုတ်ပြီးသေချာကြည့်တော့ ကျည်ဆန်တွေဖြစ်နေတာ။ အိတ်ကိုဆွဲထုတ်လိုက်တော့ ဗုံးတစ်လုံး ပါလာတယ် ” လို့ပြောပါတယ်။ အိမ်ရှင်နဲ့ ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသတင်းပို့ခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ တပ်မတော် တာ၀န်ရှိသူတွေ ချက်ချင်းလာရောက်စစ်ဆေးခဲ့ရာမှာ ၇.၆၂ ကျည်ဆန် ၉ တောင့်၊ ၉ မမကျည် ၃၄ တောင့်၊ 91 ဗုံးသီးတစ်လုံး၊ ဝါယာကြိုးထုံး တခုကို နေ့လည် ၁၂နာရီခွဲအချိန်မှာ အန္တရာယ်ကင်းစွာ စစ်ဆေး သိမ်းဆည်းနိုင်ခဲ့​တယ်လို့ သိရပါတယ်။ “အဟောင်းတွေ သုံးလို့တော့မရဘူး။ အန္တရာယ်တော့ရှိတယ်။ အဟောင်းဆိုတော့ အတွင်းထဲက စက်ခလုတ်ပိုင်းဆိုင်ရာ ဘယ်လိုဖြစ်နေတယ်တော့မသိဘူးလေ။ ကျနော်တို့က ထိန်းသိမ်းပြီးတော့ များလာရင် ကြေးနန်းတင်ပြပြီး ဖောက်ခွဲဖျက်စီးပစ်ရတာ”လို့ စစ်အင်ဂျင်နီယာ တပ်(၉၁၀) က ဗိုလ်ကြီး ဇင်မောင်ကျော်က ပြောပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024