Home
မြန်မာသတင်း
မောင်တော-အငူမော်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး လူ ၁ ဦး သေဆုံး 
DVB
·
December 3, 2019
CwnsTG40R00
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တော-အငူမော်သွားကားလမ်းအနီးမှာ  ဒေသန္တရ မိုင်းတလုံးပေါက်ကွဲပြီး အမျိုးသားတဦး သေဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အငူမော်ကုန်းတန်း ကျေးရွာနဲ့ သာစည်ကျေးရွာကြား မောင်တော-အငူမော်သွား ကားလမ်းနားမှာ နိုဝင်ဘာ ၃၀ ရက်မနက်က  ဒေသန္တရမိုင်း ပေါက်ကွဲကြောင်း သိရှိရလို့ အငူမော်ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ အငူမော်ကုန်းတန်းကျေးရွာနေ ကျော်သက်ဦး(ဘ) ဦးဝင်းမောင်ရွှေကို ပါး၊ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူရရှိတဲ့ဒဏ်ရာတွေအရ ဒေသန္တရမိုင်းကို မိုင်းထောင် အသက်သွင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ အလားတူ  ရခိုင်ပြည်နယ်၊ အမ်းမြို့ရဲ့ တောင်ဘက် ၁ မိုင်လောက်အကွာ  အမ်း-မအီကားလမ်းမှာ အေအေတပ်ဖွဲ့က ထောင်ထားတဲ့ ဒေသန္တရရီမု ကားမိုင်းတစ်လုံးကို နိုဝင်ဘာ ၃၀ ရက်က  တွေ့ရှိ ခဲ့လို့ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းမှာ အသုံးပြုမယ့် စက်ယန္တယားတွေ  တင်ဆောင်လာတဲ့ ပင်လယ်မင်းသမီး ဇက်သင်္ဘောကို နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီး ကုလားတန်မြစ်ထဲမှာ အေအေအဖွဲ့က  ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရေယာဉ်အမှုထမ်းတွေကို ဖမ်းဆီး စစ်ဆေးကာ လက်ကိုင်ဖုန်းနဲ့ ငွေတွေ ယူဆောင်သွားတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။  ဓာတ်ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024