မော်လိုက်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်
DVB
·
December 3, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့မှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု ဒီကနေ့မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၃ ရက် မနက် မြန်မာစံတော်ချိန် ၂ နာရီ ၁၄ မိနစ် ၅၉ စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၃ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၅၆ ဒီဂရီ အရှေ့လောင်ဂျီတွဒ် ၉၄.၇၆ ဒီဂရီ၊ အနက် ၉၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်ခဲ့တာပါ။
ဒါ့အပြင် ဒီဇင်ဘာလ ၃ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၃)မိနစ်၊ (၂၇)စက္ကန့် အချိန်ကလည်း ထားဝယ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် မို ၄၈၀ ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ နီကိုဘားကျွန်း မြောက်လတ္တီတွဒ် (၈.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၀)ဒီဂရီ၊ အနက်(၁၆၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။