Home
မြန်မာသတင်း
ဟင်းထဲကို ဆားထုပ်နှင့်မှားပြီးထည့်စားမိရာက မိသားစုဝင်  ၅ ဦး အစာအဆိပ်သင့်
DVB
·
December 3, 2019
79223469_3095480383924291_1285276118743515136_n
78576994_3095480593924270_97034357872525312_n
78559067_3095480517257611_3579987195496235008_n
76925518_3095480657257597_4694638187853643776_n
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့၊ ကျော်ဇောလှိုင်ရပ်ကွက်မှာ နေထိုင်တဲ့ မိသားစုဝင်  ၅ ဦး အစာအဆိပ်သင့်လို့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားလိုက်ရပါတယ်။ သဲတော(၃)ရပ်ကွက်နေ  ဦးသန်းငွေ (၆၀နှစ်) ဇနီး ဒေါ်ခင်အေးကြည်တို့မိသားစု ၅ဦးဟာ ဒီဇင်ဘာ ၁ ရက်နေ့က ခရမ်းချဉ်ဟင်းထဲကို ဆားထုပ်နဲ့မှားပြီး ထည့်စားမိရာက အစာအဆိပ်သင့်ခဲ့ ကြတာလို့  သဲတော(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ "အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၃ ဦး ပေါင်း ၅ ဦးဖြစ်သွားတယ်။ မန္တလေးဆေးရုံ ပို့လိုက်ရ တယ်။ ပံ့သကူပစ်တုန်းက ကောက်ထားတဲ့ အထုပ်ကို ဆားထုပ်ထင်ပြီး ဟင်းထဲထည့်စားမိတာက အော့အန်ကုန်တယ် အစာအဆိပ် ဖြစ်သွားတာပေါ့"လို့ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ အစာအဆိပ်သင့်တဲ့ မိသားစုကို ဝမ်းတွင်းမြို့သန္တိသုခလူမှူကူညီရေးအသင်းကားနဲ့  အခြားပရဟိတကားတွေအသုံးပြုပြီး ဝမ်းတွင်းဆေးရုံမှ မန္တလေးဆေးရုံကို ပြောင်းရွေ့ ပို့ဆောင် ဆေးကုသမှုပေးထားပြီး အခုအချိန်မှာတော့ မိသားစု ၅ ဦးစလုံး သက်သာစပြုလာပြီလို့ အိမ်နီးချင်းတွေက ပြောပါတယ်။ ဆားထုပ်နဲ့မှားပြီး စားသုံးမိခဲ့တဲ့ အထုပ်ဟာ ချည်ဆေးဆိုးရာမှာ အသုံးပြုတဲ့ ဓာတ်ဆားလို့ ထင်မြင်ယူဆတဲ့ အကြောင်းနဲ့ ဓာတ်ခွဲကြည့်ဖို့အတွက် ဓာတုဗေဒရုံးကို ပို့ထားတယ် လို့ ဝမ်းတွင်းဆေးရုံတာဝန်ကျဝန်ထမ်းက ပြောပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024