စည်ပင်ပိုင်ဈေးများ နိုင်ငံအတွက် ထိုက်သင့်သည့်ဝင်ငွေမရဟု ဦးဖြိုးမင်းသိန်းပြော
ရန်နိုင်ဇော်ဝင်း
·
November 30, 2019
ရန်ကုန်မြို့က စည်ပင်ပိုင်ဈေးတွေဟာ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ ဝင်ငွေမရဘဲ အဆင့်ဆင့် ပြန်ငှားစားနေသူတွေဆီ ဝင်ငွေတွေ ရောက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အဆင့်မြှင့်တင်မယ့် တာမွေဈေးကိစ္စ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။
ရန်ကုန်မြို့က စည်ပင်ဈေး ၁၈၀ ဟာ အစိုးရပိုင် ဖြစ်ပြီး ဈေးရောင်းချသူတွေ ပိုင်ဆိုင်မှု မရှိဘူးလို့လည်း ဆိုပါတယ်။
တာမွေဈေး အဆင့်မြှင့်တင်ဖို့ ရန်ကုန်တိုင်းအစိုးရက ဆောင်ရွက်နေပြီး ဈေးသူဈေးသားတွေအကြား အငြင်းပွားမှုတွေ ရှိနေတာပါ။