ဇော်ဂျီဖောင့် တီထွင်သူ ဦးရဲမြတ်သူ Digital Courage ဆုရရှိ
DVB
·
November 28, 2019
Friedrich Nauman Foundation က ချီးမြှင့်တဲ့ ၂၀၁၉ခုနှစ်ရဲ့ Digital Courage Award ဆုကို မြန်မာစာဇော်ဂျီဖောင့်ကို ပထမဆုံးတီထွင်ခဲ့တဲ့ ဦးရဲမြတ်သူက ရရှိပါတယ်။
ဒစ်ဂျစ်တယ်ခေတ်မှာလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ကြသူတွေကို ရည်ရွယ်ပြီး ပေးအပ်တဲ့ Digital Courage Award ပေးအပ်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၇ရက်က Park Royal Hotel မှာကျင်းပခဲ့တာပါ။
ဒီဂျစ်တယ်နည်းပညာအသိုင်းအဝိုင်းမှာ အများနဲ့မတူဘဲ ထူးခြားတဲ့သူရသတ္တိကို ပြသနိုင်သူဖြစ်တဲ့အတွက် ဦးရဲမြတ်သူကို ဆုချီးမြှင့်ဖို့ ရွေးချယ်တာလို့ Friedrich Nauman Foundation မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ အကြီးအကဲဖြစ်သူ ဖက်ဒရစ်စပွန်ဟာက အဲဒီအခမ်းအနားမှာ ပြောပါတယ်။
Digital Courage Award ဆုကို မြန်မာနိုင်ငံရှိ သတ္တိအပြောင်မြောက်ဆုံး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေကို ၂၀၁၈ခုနှစ်ကစလို့ နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သတင်း - နူးရာ