Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ
DVB
·
November 26, 2019
77051009_1015352298804872_6832278307682123776_n
76899899_1015352165471552_7996087919456550912_n
74804238_1015352228804879_8366091006885494784_n
လူမျိုးမပျောက်ဖို့နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့အတွက်ရှမ်းတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်နဲ့ ကောက်သစ်စားပွဲ အလှူပဒေသာလှည့်လည်ပွဲကို တောင်ကြီးမြို့မှာ ဒီကနေ့ ကျင်းပနေပါတယ်။ ရှမ်းနှစ်သစ်ကူးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတွေမှာ ၂ နှစ် ၁ ကြိမ် ကျင်းပပြီး ရှမ်းနှစ် ၂၁၁၄ နှစ်သစ်ကူးနဲ့ကောက်သီးစားပွဲကို တောင်ကြီးမှာပြုလုပ်တာဖြစ်ပြီး တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းတလျောက် လူအင်အား ၁၃၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ပွဲကော်မတီထံက သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းစေဖို့ ပင်လုံကျောက်တိုင်ပုံတူကို လှည့်လည်ခဲ့ပါတယ်။ ရှမ်နှစ်သစ်ကူးပွဲတော်ကို  မြန်မာနိုင်ငံရှိ ရှမ်းတိုင်းရင်းသားတွေအပြင် နိုင်ငံခြားရောက် ရှမ်းတိုင်းရင်းသားတွေအတူပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့  နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပပေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ရှမ်းနှစ်သစ်ကူးပွဲကို လားရှိုးမှာကျင်းပပြီး ဒီနှစ်မှာ ရှမ်းအရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ကျင်းပဖို့ အလှည့်ကျပေမယ့်အဆင်သင့်မဖြစ်လို့ တောင်ကြီးမြို့မှာ ကျင်းပဖြစ်တာဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024