Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တောင်ကိုရီးယားနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို  
DVB
·
November 25, 2019
78383274_1306525512881074_648349970738446336_o
76765620_1306525449547747_7270181873123328000_o
75604036_1306525506214408_8459029293102530560_o
75341183_1306525576214401_3814011979111071744_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ရောက်ရှိ နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး လီတေးဟိုက ဂုဏ်ပြုတပ်ဖွဲ့နဲ့  ဘူဆန်မြို့ ဂင်ဟေး လေတပ်ဌာနချုပ် လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနို်ငငံသားတွေကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘူဆန်မြို့ရှိ ခေတ္တတည်းခိုတဲ့ Lotte ဟိုတယ်ကို လာရောက် ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ဒီခရီးစဉ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စက်မှု ဒုဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းတို့လည်း လိုက်ပါသွားပါတယ်။  ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024