Home
သတင်းဓာတ်ပုံ
မြန်မာအစိမ်းရောင်ကွန်ရက် ၈ ကြိမ်မြောက် တွေ့ဆုံပွဲ ကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
November 23, 2019
Myanmar Green Network 7
Myanmar Green Network 5
Myanmar Green Network 3
Myanmar Green Network 2
Myanmar Green Network 4
Myanmar Green Network 1
Myanmar Green Network 01
မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ ၈ ကြိမ်မြောက် တွေ့ဆုံပွဲကို ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီ ပရဟိတဘုန်းတော်ကြီးကျောင်းမှာ နိုဝင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပါတယ်။
၈ ကြိမ်မြောက် တွေ့ဆုံပွဲမှာတော့ ပုဂံဒေသရဲ့ သဘာဝအမွေအနှစ်တွေကို ဘယ်လို ထိန်းသိမ်းမလဲ ခေါင်းစဉ်နဲ့ ၃ ရက်ကြာ ဆွေးနွေးမှာဖြစ်ပြီး ပုဂံဒေသကို လက်တွေ့ကွင်းဆင်း လေ့လာကြမှာ ဖြစ်ပါတယ်။
မြန်မာအစိမ်းရောင်ကွန်ရက်ကို ၂၀၁၁ ခုနှစ်က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစိမ်းရောင်ချစ်သူများ တွေ့ဆုံပွဲကနေ စတင်တည်ထောင်ခဲ့တဲ့ ကွန်ရက်တခုဖြစ်ပြီး တွေ့ဆုံပွဲတွေကို ၂၀၁၅ ခုနှစ်ကလွဲပြီး နှစ်စဉ် ပြုလုပ်နေတာပါ။
မြန်မာအစိမ်းရောင်ကွန်ရက်ဟာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကွန်ရက်ချိတ်ဆက်ထားပြီး သစ်တောပညာရှင်၊ မိုးလေဝသပညာရှင်၊ ဓာတုဗေဒပညာရှင်၊ ဆည်မြောင်းပညာရှင်၊ ရေပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ ဘူမိဗေဒ ပညာရှင်တွေ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကျွမ်းကျင်သူတွေ စတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ဦးဆောင်ပါဝင်နေတဲ့ ကွန်ရက်လည်း ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024