Home
ရုပ်သံ
ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ အလှမယ်ရွှေအိမ်စည်တို့ ပါဝင်သည့် ကြိုးဖုန်းရုပ်ရှင်(နမူနာ)
DVB
·
November 20, 2019
74334419_2807769555909253_8188130149372264448_o
       လျှို့ဝှက်သည်းဖိုဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်- ကြိုးဖုန်းကို လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        ဒီကားကိုတော့ Golden Hour Entertainment နဲ့ Arkar Production တို့က ပူး ပေါင်းတင်ဆက်လိုက်တာ ဖြစ်ပြီး ‘ဒုဋ္ဌဝတီကိုလွန်၍’၊ ‘ကမ္ဘာနှစ်ထပ်”စတဲ့ရုပ်ရှင်တွေ နဲ့ ပွဲဦးထွက်ခဲ့တဲ့ လူငယ်ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ဒါရိုက်တာ အာကာရဲ့ တတိယမြောက်ရုပ်ရှင်အနေနဲ့ ရုံတင်ပြသသွားမယ့် ဒီကား ထဲမှာတော့ လူတွေမမြင်ဖူးတဲ့ Photo Shoot တွေရိုက်မယ်ဆိုပြီး မေမြို့ကိုရောက်လာခဲ့ တဲ့ လူငယ်လေးယောက်။ သူတို့တည်းခိုနေထိုင်တဲ့ အိမ်မှာတော့ ရှေးဟောင်းပစ္စည်းတွေ စုရတာ ဝါသနာပါတဲ့ အိမ်ရှင်ရှိနေပြီး အဲဒီပစ္စည်းတွေကို စမ်းသပ်ကြည့်လိုက်မိတဲ့အတွက် အသက်အန္တရာယ်နဲ့ ကြုံတွေ့ကြရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲဆိုတာတွေကို သွေးပျက်ထိတ်လန့်စရာ လျှို့ဝက်သည်းဖိုဆန်ဆန် ဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဖြိုးငွေစိုး၊ ရဲနောင်၊ အိန္ဒြာကျော်ဇင်၊ ကွယ် လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး၊ အလှမယ် ရွှေအိမ်စည်တို့က အဓိ ကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ JCGV City Mall ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024