Home
မြန်မာသတင်း
အကျဉ်းစခန်းကထွက်ပြေးတရားခံ ၂ ဦးကို ကျေးရွာသားများ ဝိုင်းဝန်းဖမ်းဆီး 
DVB
·
November 20, 2019
75443074_941064476293262_8735732230434848768_n
77408480_941064436293266_4246096709974753280_n

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်အကျဉ်းစခန်းကနေ  နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီလောက် ထွက်ပြေးလာတဲ့ အကျဉ်းသား ၂ ယောက်ကို ရေတွင်းဖြူ ကျေးရွာအုပ်စု ကပ်ကတော့ကျေးရွာက ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး နီးစပ်ရာ ဖိုးခေါင်နယ်မြေ ရဲစခန်းကို ပြန်အပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့ အကျဉ်းသား ၂ ဦးက မနေ့ညနေပိုင်းက ကပ်ကတော့ကျေးရွာအရောက် ရွာလမ်းမပေါ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကိုမောင်းနှင်ထွက်ပြေးရာမှ ကျေးရွာသားတွေက လိုက်လံဖမ်းဆီးခဲ့တာပါ။

ဖိုးခေါင်နယ်မြေ ရဲစခန်းစခန်းမှူး ရဲအုပ်ဌေးလွင်က "ထွက်ပြေးတဲ့နှစ်ယောက်မှာ ခိုင်ကိုဆိုတဲ့တယောက်က  မုဒိန်းမှုနဲ့ထောင် ၁၀ နှစ်ကျခံနေတဲ့သူဖြစ်ပြီး၊ သူရစိုးကခိုးမှုနဲ့ ထောင် ၃ နှစ်ကျခံနေတဲ့သူ နှစ်ယောက်ဖြစ်တယ်။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက အကြောင်းကြားလို့ သွားဖမ်းဆီးခဲ့ပြီး အိုင်ကလောင်အကျဉ်းစခန်းကို တခါထဲလွှဲပေးခဲ့တယ်လို့"ပြောပါတယ်။

အိုင်ကလောင်အကျဉ်းစခန်းမှာ ၂၀၁၉ ခုနှစ်က အကျဉ်းသားထွက်ပြေးမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ပြန်လည်ဖမ်းဆီးမိတာတွေရှိသလို  ထွက်ပြေးလွတ်မြောက်နေတဲ့ သူတွေလည်း ရှိပါတယ်။

 

သတင်း - မေသွယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024