Home
မြန်မာသတင်း
ညအချိန် အမြန်လမ်းခရီးသွားများ ခဏရပ်နားလိုပါက ရဲစခန်းနှင့်ရဲကင်းများတွင် ရပ်နားနိုင် 
DVB
·
November 9, 2019
High Way Hot Lines
အမြန်လမ်းမှာ ညအချိန် သွားလာနေကြတဲ့ ခရီးသွားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခဏ ရပ်နားချင်တယ်ဆိုရင် ရဲစခန်းနဲ့ ရဲကင်းတွေမှာ ရပ်နားကြဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ ရဲစခန်းတွေဟာ တခုနဲ့တခု ပျမ်းမျှ မိုင် ၂၀ လောက်အကွာမှာ ရှိကြပြီး ရဲကင်းတွေတော့ တခုနဲ့ တခု ၅ မိုင်လောက်အကွာမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အကူအညီ လိုအပ်ခဲ့ရင်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဖုန်းတွေဖြစ်တဲ့ ၀၉ ၄၂၀ ၈၈၈၈ ၀၁ ကနေ ၀၉ ၄၂၀ ၈၈၈၈ ၇၀ အထိ နံပါတ်ပေါင်း ၇၀ ထဲက တခုခုကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။ အမြန်လမ်းမပေါ်မှာ မကြာခဏဆိုသလို ကားတွေကို ခဲနဲ့ပေါက်တာ စတဲ့ အန္တရာယ် အနှောင့်အယှက်ပေးတာတွေ ကြုံရလေ့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024