Home
မြန်မာသတင်း
“ဆူးလေး”သီချင်းဖြင့် မြန်မာအိုင်ဒေါညကို အသက်ဝင်စေခဲ့သည့် ရော့ခ်သမီးပျို နော်စေးစေးထူး (ရုပ်သံ)
DVB
·
November 8, 2019
74446012_1395427613967345_4127466384659578880_n
       ပြိုင်ပွဲဝင် ၁၀ ဦးအပြိုင်ကြဲ အစွမ်းပြခဲ့ကြတဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ရော့ခ်သီ တင်းပါတ်မှာတော့ ပြိုင်ပွဲဝင် နော်စေးစေးထူးက ရော့ခ်သမီးပျိုပီသစွာ ရော့ခ်ဂီတညကို အသက်ဝင်စေခဲ့ပြန်ပါပြီ။        “မိုးဖွဲလေးတွေ မှန်ပြတင်း… တရွေ့ရွေ့စီးဆင်းသွား… မြေပြင်ပေါ်မှာ မင်းခြေရာ တွေ… မိုးထဲပျောက်လို့သွား… ဆုံးဖို့မရှိတော့ဘူး ဘာမှမရှိတော့ဘူး… ဝေဒနာတွေသာ အသည်းမှာ စူးထင်ကျန်ရစ်တယ်”        “ဆူးလေး”လို့ ကြားလိုက်တာနဲ့ ဒီသီချင်းနဲ့ သီဆိုအောင်မြင်ခဲ့တဲ့ နာမည်ကျော် ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်နဲ့ ထူးခြားတဲ့ အမျိုးသမီးရော့ခ်ကာ သျှီတို့ကို ပြေးမြင်မိကြ မှာဖြစ်ပြီး ခုတခါမှာတော့ နော်စေးစေးထူးရဲ့ ပုံစံတမျိုးနဲ့ တင်ဆက်ဖျော်ဖြေမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ နော်စေးစေးထူးဟာ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ စန္ဒီမြင့်လွင်ရဲ့ လူညာကြီးသီချင်းနဲ့ အကောင်းဆုံး သီဆိုနိုင်ခဲ့တာမို့ သူ့အတွက်တော့ ခုသီတင်းပါတ်ဟာ သိပ်အခက်အခဲမရှိပဲ ဖြတ်ကျော်နိုင်မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။        “ငါ့ရဲ့အသည်းဟာမာကျော… အရှုံးမပေးဖူးသေးဘူး… ငါလိုချင်တာလိုက်ရှာခဲ့… ဒီအချစ်တွေမဟုတ်ဘူး… မလွမ်းတတ်ပါဘူး အချိန်တွေမရှိခဲ့ဘူး… မချစ်ချင်တော့ပါဘူး … ငါ့ဘဝကိုဆောက်တည်တုန်း… ဘယ်ကဆူးလေး ဆူးလေး ဆူးလေး… ဟင်… ငါ့အသည်းမှာစူး… ဆူးလေး ဆူးလေး ဆူးလေး ဆူးလေး” Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။ နော်စေးစေးထူးရဲ့ Voting No. ကတော့ 77703 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ဆန်ကာတင်၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024