Home
မြန်မာသတင်း
တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံပျံပွဲတော် စတင်ကျင်းပ
DVB
·
November 5, 2019
77008182_996637607343008_8165588683534106624_n
75513490_996637904009645_3219943312592994304_n
75308314_996637507343018_2312626214273024000_n
74942849_996637454009690_4634894518456418304_n
74915569_996637754009660_8245827971227582464_n
74602087_996637394009696_7914253648413065216_n
74344921_996637854009650_4302327693124304896_n
74242379_996637657343003_2959181580171476992_n
74216765_996637694009666_8593896591956377600_n
72801592_996637947342974_8281726939975122944_n
72264127_996637807342988_7461087444239122432_n
ရှမ်းပြည်နယ်၊ တောင်ကြီး တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက်ညက  စိန်နားပန်မီးပုံးပျံ နှစ်လုံးနဲ့ မီးပုံးပျံအလုံးငယ် ၄၈၀၀ ကျော် တပြိုင်နက်လွှတ်တင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာအကတွေ၊ ရှမ်းရိုးရာ ကိန္နရီ ကိန္နရာအကနဲ့ ဒေါင်းအကတို့နဲ့ ဖျော်ဖြေတင်ဆက်ပြီး မီးရှူး၊ မီးပန်း ပစ်ဖောက်ခဲ့ကြပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် ပထမဆုံး ညမှာ ညမီးကြီးမီးပုံးပျံ ၇ လုံး၊ စိန်နားပန် ၃ လုံး လွှတ်တင်ရာမှာ စိန်နားပန်တလုံး ခေါင်ပွင့်ပျက်ကျပြီး ရာသီဥတုကြောင့် ညမီးကြီး နှစ်လုံးလွှတ်တင်နိုင်ခြင်း မရှိပါဘူး။ မနေ့ညက မလွှတ်တင်နိုင်တဲ့မီးပုံးပျံကို ဒုတိယ နေ့မှာပေါင်းပြီး ပြန်လည်လွှတ်တင် သွားမှာဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ အခုနှစ်တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး အမျိုးအစား မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၆ လုံး၊ ခြေနှစ်ချောင်း နေ့လွှတ်အရုပ် ၁၅၀ လုံး၊ ခြေ ၄ ချောင်း နေ့လွှတ် အရုပ် ၉၄ လုံး၊ အုပ်စု အရုပ် ၃၅ လုံး စုစုပေါင်း မီးပုံးပျံအလုံးရေ ၃၉၄ လုံးဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024