Home
ရုပ်သံ
အကဲဖြတ်ဒိုင် တင်ဇာမော် မတ်တပ်ရပ်ချီးကျူးခဲ့ရသည့် အသက်အငယ်ဆုံး မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အေးမြဖြူ (ရုပ်သံ)
DVB
·
November 1, 2019
Untitled-1
       “ပြောဖူးခဲ့တဲ့ စကားတွေ… ငါလေ ယုံကြည်နေဆဲကွယ်… ဒီပုံပြင်လေး အဆုံးသတ် လို့သွားလည်း… နင်ပေးဖူးခဲ့တဲ့ အနမ်းတွေ… ငါလေရင်ခုန်နေဆဲကွယ်… နင်သာ အမှတ်တမဲ့… ငါ့အတွက် အမှတ်တရပဲ”        ဒါကတော့ နာမည်ကြီး အမျိုးသမီးတေးသံရှင် နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်ပြီး ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။        ဒီတခါမှာတော့ ဒီသီချင်းကို ထူးခြားတဲ့ သီဆိုဟန်နဲ့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင် မြင့်ပေါ်မှာ တကျော့ပြန်ရှုစားကြရမှာပါ။        “အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး… အမုန်းနဲ့အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ… အရာရာ အကုန်ဖျက်ဆီးလို့သွားသူရယ်… ငါ မနာကျည်းပဲ… တချိန်ချိန်ပြန်လာနိုးနိုး… ငါ့ရင်ထဲ မျှော်နေမိတယ်… နင်မမြင်နိုင်တဲ့ အမှောင်မှာ… တယောက်တည်းကြိတ်ကာ ငိုရင်းနဲ့… ဘယ်သောအခါမှ မမုန်းခဲ့… နင်လေ မချစ်နိုင်တော့ရင်လည်း… ရည်ရွယ် လွမ်းခွင့်လေး… သနားသဖြင့်ပေးပါကွယ်”        ဒီသီချင်းနဲ့ မြန်မာအိုင်ဒေါရဲ့ Performance Show မှာ ယှဉ်ပြိုင်ခဲ့သူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အေးမြဖြူပဲ ဖြစ်ပါတယ်။        Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။        ခုတပတ်ရဲ့ အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုအပေါ် ပရိသတ်တွေရော ဒိုင်တွေကပါ နှစ် ခြိုက်အားပေးခဲ့ကြပြီး ဒိုင်တဦးဖြစ်တဲ့ တင်ဇာမော်ကတော့ မတ်တပ်ရပ်ပြီး ချီးကျူးအားပေးခဲ့တာကို တွေ့ရပါတယ်။ အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။ အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024