Home
မြန်မာသတင်း
နယ်ခြားစောင့်စခန်းတွင် ခြံစည်းရိုးကာရံသည့် ပန်းရန်အလုပ်သမား ၁ ဦး သေနတ်ပစ်ခံရ 
DVB
·
October 31, 2019
75580212_196974371324964_8852457630380064768_n
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ ဂြင်းတော နယ်ခြားစောင့်စခန်းမှာ ခြံစည်းရိုးကာရံနေတဲ့ ပန်းရန်အလုပ်သမားတဦး သေနတ်ပစ်ခံရလို့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရပါတယ်။ မောင်တောမြို့နယ် ကရုဏာကွန်ရက် ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က "ဒဏ်ရာကပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံသို့ ပို့လိုက်တာပါ။ ကျနော်တို့က မောင်တောမှာ အရေးပေါ်တခုခုဖြစ်တိုင်း ကူညီပေးနေတာပါ။ ခုလည်း အရေးပေါ်လိုအပ်နေလို့ ကူညီပို့ပေးလိုက် တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလူငယ်ဟာ အင်းဒင်ကျေးရွာသစ်၊ အောင်သုခကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုသန့်ဇင်ဦးဖြစ်ပြီး ဂြင်းတောနယ်ခြားစောင့်စခန်းမှာ ခြံစည်းရိုးကာဖို့အတွက်   ပန်းရန် အလုပ်လုပ်နေတဲ့ အလုပ်သမားတဦးဖြစ်ပါတယ်။  အောက်တိုဘာ ၃၀ ရက် မနက် ၂ နာရီကျော်လောက်က ကင်းတာဝန်ကျသူက ပစ်ခတ်ခဲ့တာလို့  ဂြင်းတောစခန်းမှူးကပြောပါတယ်။ "ကင်းသမားက မသင်္ကာစရာတွေ့လို ပစ်ရာမှာ မတော်တဆထိမှန်သွားတာပါ။ တယောက်နဲ့ တယောက် ပြဿနာ ဘာမှမရှိပါဘူး။ ချစ်ချစ်ခင်ခင်နေကြတာပါ၊ ကျနော်တို့ဘက်ကတော့ လိုအပ်တာတွေ ကူညီဖို့ အားလုံး စီစဉ်ထားပါတယ်” လို့ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရတာကြောင့် ပန်းရန်အလုပ်သမား ကိုသန့်ဇင်ဦးရဲ့  ညာဖက်လက်ဖျံ ၁ ချက်၊ ညာဘက်မောင်း ၁ချက်နဲ့ ညာနားထင်ပွန်းပဲ့ ဒဏ်ရာရသွားပြီး မောင်တောဆေးရုံမှာ ဆေးကုသပေးနေရာကနေ စစ်တွေဆေးရုံကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024