Home
မြန်မာသတင်း
တီဂျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ရပ်တန့်ရန်တောင်းဆို 
သူဇာလင်း
·
October 25, 2019
73118366_2816683118355780_4355700714840784896_o
ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာတည်ရှိတဲ့ တီဂျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ရပ်တန့်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) ဒီကနေ့နက်က ရန်ကုန်မြို့ Myanmar Press Freedom Center မှာ   သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်တာပါ။  ဒါ့အပြင် တီဂျစ်စက်ရုံ စမ်းသပ်လည်ပတ်မှုကို ရပ်တန့်ပေးဖို့အတွက် MATA အဖွဲ့နဲ့ ဒေသခံပြည်သူတွေက သဘာဝပတ်ဝန်းထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ကို တောင်းဆိုပါတယ်။ ပင်လောင်းမြို့နယ်ထဲက  ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူတွေ နေထိုင်တဲ့ ဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ တီဂျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကို ၂၀၁၅ ခုနှစ်ကစပြီး တရုတ်  Wuxi Huagaung Electric Power Engineering ကုမ္ပဏီက လုပ်ပိုင်ခွင့် လိုင်စင်ရရှိ လုပ်ကိုင်ကိုင်နေတာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024