Home
မြန်မာသတင်း
အန်စီအေအပစ်ရပ် တိုင်းရင်းသားဒေသများတွင် သိသိသာသာတိုးတက်နေဟု တပ်မတော်ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 23, 2019
72650679_940101059697851_427503684386029568_n
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့ ၁၀ ရဲ့ ဒေသတွေမှာ သိသိသာသာတိုးတက်ဖွံ့ဖြိုးနေပြီး ဝေဖန်သူများ သေချာလေ့လာဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့တွေရဲ့ နယ်မြေဒေသတွေကို ကြည့်လိုက်ရင် သိသာပါတယ်။ နယ်မြေတွေမှာ ငြိမ်းချမ်းသွားတယ်။ ယခင် ထက်ပိုပြီး အဆပေါင်းများစွာငြိမ်းချမ်းသွားတာကို တွေ့ရလိမ့်မယ်။ ပြီးရင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆိုရင်လည်း လက်တွေ့ထင်သာမြင်သာ ဖြစ်ပါတယ်။ ဒီထင်သာမြင်သာမှုရှိတဲ့ တိုးတက်မှုတွေကို အသိအမှတ်မပြုတဲ့သူတွေကော အနာဂတ်အတွက် စိတ်ကူးယဉ်ဆန်တယ်လို့ ပြောရမှာ။ အန်စီအေ စာချုပ်ဖြစ်ပေါ်လာပုံကလည်း ခက်ခက်ခဲခဲဖြစ်လာတာလေ”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒါအပြင် အန်စီအေစာချုပ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့သူတွေအနေနဲ့ စာချုပ်ကို အသေးစိတ်လေ့လာပြီးရဲ့လား၊ သူတို့ရဲ့ အကျိုးတွေကိုရော လေ့လာရဲ့လား၊ လေ့လာပြီးရင်ရော အန်စီအေလက်မှတ်ရေးထိုးထားတဲ့ လက်ရှိဖြစ်နေတဲ့ အကျိုးခံစားရမှုတွေ၊ ဒေသခံပြည်သူတွေရဲ့ အကျိုးဖြစ်ထွန်းမှုတွေကိုရော လေ့လာပြီးရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က စတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲထားခဲ့တယ်လို့လည်း ဆိုပါတယ်။ အန်စီအေ ၄ နှစ်ပြည့်အခမ်းအနားကို နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ အောက်တိုဘာ ၂၈ ရက်နေ့မှာ ကျင်းပ သွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024