Home
မြန်မာသတင်း
ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် 
DVB
·
October 23, 2019
72890561_466075334252745_8757947446262235136_n
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော်ဟာ ဘယ်လက်ကောက်ဝတ် သွေးလွှတ်ကြောကိုဖြတ်တောက်ပြီး ကိုယ့်ကိုယ်ကိုယ်  အဆုံးစီရင်ခဲ့တဲ့ အတွက် သွေးလွန်သေဆုံးသွားတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ့်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ဒီဗွီဘီကို ပြောပါတယ်။ ဒေါက်တာတင်ဝင်းကျော်ဟာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဇနီးဖြစ်သူ ရာဘာခြံသွားရောက်နေခိုက် နေအိမ်အိပ်ခန်းအတွင်းမှာ ခွဲစိတ်ခန်းသုံးကတ်ကြေးနဲ့ ဘယ်လက်ကောက်ဝတ်သွေးလွှတ်ကြောကို ဖြတ်တောက်ပြီး အဆုံးစီရင်ခဲ့ရာမှာ ဆေးရုံရောက်မှ သေဆုံးသွားခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က “သူက စိတ်ခံစားချက်တွေ များသွားလို့နေမယ်။ သူဟာ သူပဲဖြစ်သွားတာ။ သူ့ အမျိုးသမီးက ရာဘာခြံ သွားနေတုန်း။ သူတယောက်ပဲ အိမ်မှာရှိတဲ့အချိန်မှာ သူရဲ့သွေးလွှတ်ကြောကို ဖောက်လိုက်တာ။ သူ့ အမျိုးသမီးပြန်လာတဲ့အချိန်မှာ သွေးတွေက လွန်နေပြီ။ သွေးတောင်ခြောက်နေပြီ။ အဲဒီ အချိန်မှာ ဆေးရုံပို့လိုက်တော့ ဆေးရုံမှာ နှလုံးခုန်နှုန်းက နည်းနည်းလေးတော့ ရှိသေးတယ်။ ခဏနေတော့ ဆုံးသွားတယ်”လို့ ပြောပါတယ်။ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော်ဟာ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူထားသူဖြစ်ပြီး ၂၀၁၉ ဇွန်လက နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ လူမှု‌ရေးဝန်ကြီးတာဝန်ကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ဒေါက်တာတင်ဝင်းကျော်ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်အဖြစ်နဲ့ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေအနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ် ဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့အတူ သားတဦးနဲ့ သမီး တဦး ကျန်ရှိခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024