Home
မြန်မာသတင်း
ကဗျာဆရာလှသန်း ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား မန္တလေးတွင်ကျင်းပ
Aung Aung Naing
·
October 22, 2019
75196246_401444627412701_4048919606138503168_n
74614748_401444927412671_6164217460712013824_n
74368464_401444780746019_7665489245707960320_n
73446211_401445044079326_9183522892195823616_n
73003108_401444880746009_6615392067075964928_n
72966239_401445097412654_1284819284547076096_n
72766113_401444677412696_7193814305173667840_n
ကဗျာဆရာ လှသန်း ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ  ဒီမနက် ကျင်းပပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားကို ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ စာရေးဆရာ သိုက်ထွန်းသက်၊ မောင်နွေထက်စတဲ့ စာရေးဆရာ ကဗျာဆရာတွေနဲ့ လွှတ်တော်ကိုယ်စားကိုယ်စားလှယ်တွေအပါအဝင်  ၈၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) က “ကဗျာဆရာတယောက်ဖြစ်တဲ့ လှသန်းဟာ တကယ်တော်တဲ့ သူတယောက်ဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို မလွတ်အောင် အဘက်ဘက်က ရေးသွားတဲ့ ကဗျာဆရာ တယောက်ပါ။ ကဗျာဆရာတယောက်ဆုံးသွားတာ မကြာသေးဘူးလို့ ထင်ပေမယ့် ရှစ်နှစ်တောင်ကြာ ခဲ့ပြီဖြစ်ပေမယ့် ကျုပ်တို့က ဗျာလောကသားတွေက မမေ့ကြဘဲ အောက်မေ့ဘွယ် အခမ်းအနားတွေ ဆက်လုပ်ရင်း ကဗျာမသေသလို လှသန်းလည်းမသေးဘူး”လို့ ပြောပါတယ်။ ကဗျာဆရာလှသန်းဟာ စစ်မှုထမ်း အီလက်ထရောနစ် ကျွမ်းကျင်သူဖြစ်ပြီး ၁၉၆၃ ခုနှစ်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၈ ယောက်အနက် ဒုတိယမြောက် သား ဖြစ်ပြီး ငယ်စဉ်ကတည်းက စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဂစ်တာတီးခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့မှာ ဝါသနာထုံသူဖြစ်ပါတယ်။ သူဟာ  အသက်မွေးဝမ်းကျောင်း အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်ခဲ့ပေမယ့် ကဗျာဖတ်ခြင်းနဲ့ ကဗျာရေးခြင်း အလုပ်ကို မိမိဘဝရဲ့ တသက်တာ အလုပ်အဖြစ် ခံယူထား သူလည်းဖြစ်ပါတယ်။  အလယ်တန်းကျောင်းသား ဘဝမှာ ကဗျာတွေ စတင်စမ်းသပ်ရေးသားကာ အထက်တန်း ကျောင်းသား ဘဝကစပြီး ရှုမဝ၊ မိုးဝေ၊ ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတွေကို စာတိုက်ကတဆင့် ကဗျာတွေ ပေးပို့ခဲ့ပါတယ္။  ၁၉၈၂ ခု ဖေဖော်ဝါရီလ မိုးဝေမဂ္ဂဇင်းမှာ ပါရှိတဲ့ ‘ဆူးလေလမ်း ရာဇဝင်’ ကဗျာမှာ ပထမဆုံး ပုံနှိပ်ကဗျာဖြစ်ခဲ့ပါတယ်။ မိုးဝေနဲ့ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်းတို့မှာ ကဗျာဆက်လက် ပေးပို့ပြီး ကဗျာ တစ်ပုဒ်စ နှစ်ပုဒ်စ ဖော်ပြခံခဲ့ရပါတယ်။  ၁၉၈၆ - ၈၈ နှစ်တွေမှာ မဂ္ဂဇင်းတိုက်တွေကို ကဗျာပေးပို့တာ ခေတ္တရပ်နားခဲ့ကာ ကဗျာတွေ ကို ပြန်လည်ဖတ်ရှု လေ့လာတာနဲ့ ကဗျာတွေ စမ်းသပ်ရေးသားတာတွေ ပြုလုပ်လာသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ  ကွယ်လွန်သွားခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024