Home
မြန်မာသတင်း
ရန်ကုန်မြို့နယ်အချို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၄ ရက်နေ့ အချိန်ပိုင်း မီးပြတ်မည်
DVB
·
October 21, 2019
69584198_1937843826318950_3937472330158047232_n
ရန်ကုန်တိုင်း မြို့နယ်အချို့မှာ အောက်တိုဘာ ၂၂ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေ အချိန်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေ၊ Distribution Transformer တွေ၊ ထိန်းသိမ်းပြုပြင်တဲ့လုပ်ငန်းတွေ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အား လိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတဲ့ လုပ်ငန်းတွေလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို အောက်တိုဘာ ၂၂ နဲ့ ၂၄ ရက်နေ့တွေ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဆောင်ရွက်တာမှာ ဖြစ်တာကြောင့် မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ ရန်ကင်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ အလုံ၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ မှော်ဘီ၊ မြောင်းတကာ၊ တိုက်ကြီး၊ အဖျောက် မြို့နယ်များရှိ ရပ်ကွက်အချို့တို့မှာ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်အားပြတ်တောက်ရတဲ့အတွက် လူမှုရေးအခက်အခဲတွေ ပေါ်ပေါက်လာနိုင်တာကြောင့် နားလည်ခွင့်လွှတ်ပေးကြဖို့လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသိပေးပန်ကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024