Homeမြန်မာသတင်း
မူးယစ်ဖမ်းဆီးရာတွင် လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ခဲ့ဟု တေးသံရှင် ဖြိုးပြည့်စုံ ပြော
မူးယစ်ဖမ်းဆီးရာတွင် လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ခဲ့ဟု တေးသံရှင် ဖြိုးပြည့်စုံ ပြော
DVB
·
October 15, 2019
မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ထုံးလုပ်နည်းကိုကျော်လွန်ပြီး ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ တေးသံရှင် ဖြိုးပြည့်စုံက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ဖမ်းဆီးရာမှာ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်တာတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။
စစ်ဆေးဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး အကြောင်းပြန်ကြားမယ် မကြားဘူးဆိုတာ ကိုတော့ သူတို့အနေနဲ့ မသိရှိဘူးလို့ ဖြိုးပြည့်စုံက ပြောသွားပါတယ်။
အောက်တိုဘာလ ၇ ရက် ညက အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီစန်းလွင်တို့ ၃ ဦးကို မူးယစ်ဆေးဝါး သတင်းတွေအရ မြန်မာပလာဇာမှာ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဖြိုးပြည့်စုံရဲ့ကားထဲက ရှာတွေတဲ့ ပစ္စည်းတွေဟာ မူးယစ်ဆေးဝါးတွေ မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။