Home
မြန်မာသတင်း
သီတင်းကျွတ်ကာလ ထား၀ယ်ကိုခရီးသွားလာမှု အမြင့်ဆုံးဖြစ်မည်ဟုဆို
DVB
·
October 11, 2019
73060816_2676915452366556_8848781035295473664_n
အခုနှစ် သီတင်းကျွတ်ကာလ တနင်္သာရီတိုင်း ထား၀ယ်ရိုးရာ သပိတ်မျောပွဲကို ၃ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး နယ်မြေအေးချမ်းတည်ငြိမ်တာကြောင့် ခရီးသွားလာမှု အမြင့်ဆုံးဖြစ်လာမယ်လို့ မြန်မာနိုင်ငံ ဘုရားဖူးလုပ်ငန်းရှင်များအသင်း ဥပဒေအကြံပေးဦးမျိုးက ပြောပါတယ်။ သီတင်းကျွတ်ကာလမှာ ထား၀ယ်ဘက်ကို ခရီးသွား ၈၀ ရာခိုင်နှုန်းလောက်၊ စစ်ကိုင်တိုင်း ဇလွန်တောင်ဘက်ကို ၆၀ ရာခိုင်နှုန်းလောက်နဲ့ မြစ်ကြီးနားဘက်ကို ၃၀ ရာခိုင်နှုန်းလောက် သွားကြမယ်လို့ ဆိုပါတယ်။ “ခရီးသွားက တနင်္သာရီတိုင်းက ပိုပြီးဟစ်ဟော့ဖြစ်သွားပြီးလေ၊ နယ်မြေအေးချမ်းတာရော၊ ကားလမ်းသာတာရော၊ လယ်ဖို့ပတ်ဖို့ကောင်းတာရော၊ နောက်ပြီးတော့ ကမ်းရိုးတန်အရှည်က ၁၃၈၀ ဆိုတော့ ကမ်းရိုးတန်းအရှည်ကလည်း အများကြီးပဲလေ၊ ထား၀ယ်မှာဆိုလည်း အများကြီးထပ်ချဲ့လို့ရပြီလေ” ဟု ဦးမျိုးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်မှာ ထား၀ယ်ဘက်ကို ခရီးသွားလာမှုမှာ ခရီးသည်တင်ယာဉ် ၁၀၂၀ စီး ကျော်လာရောက်ခဲ့ပြီး အခုနှစ်မှာတော့ ၁၀၃၀ စီးကျော် သွားရောက်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ ထား၀ယ်ရိုးရာသပိတ်မျောပွဲကို တရက်သာ ကျင်းပပြုလုပ်ခဲ့ပေမဲ့ အခုနှစ်မှာ ထား၀ယ်ရိုးရာသပိတ်မျောပွဲကို ၃ ရက်တာ ကျင်းပပြုလုပ်သွားမယ်လို့ ထား၀ယ်ရိုးရာသပိတ်မျောပွဲတော်ဖြစ်မြောက်ရေကော်မတီက ကြေညာထားပါတယ်။ အသိပေးထားပါတယ်။ ထား၀ယ်ရိုးရာသပိတ်မျောပွဲတော်အတွင်း သပိတ်မျောပွဲတော် ကျင်းပပြုလုပ်မယ့်နေရာနဲ့ ထား၀ယ်မြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးတဝှိုက်ရှိ ကျေးရွာတွေမှာ မီးပုံးကြီးတွေ  လွှတ်တင်သွားမယ်လို့ သိရပါတယ်။ ဘုရားဖူးဧည့်သည်တွေဟာ ထား၀ယ်ဒေသရှိ ရှင်ကိုးရှင်ဘုရားဖူးပြီး သီတင်းကျွတ်လပြည့်နေ့၊ အရုဏ်တက်ချိန်မှာ ကျင်းပပြုလုပ်တဲ့ ထား၀ယ်ရိုးရာသပိတ်မျောပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ အချို့မှာ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ထင်ရှားသော ပင်လယ်ကျွန်းတခုဖြစ်တဲ့ လောင်းလုံးဘုတ်ကျွန်းကို သွားရောက်လည်ပတ်ကြလေ့ရှိပါတယ်။ သတင်း- တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024