မြောင်းမြမြို့တွင် မြေစာရင်းဝန်ထမ်းများကိုဆန္ဒပြ
DVB
·
October 9, 2019
လယ်ယာမြေအမှုတွေနဲ့ပတ်သက်ပြီး မြေစာရင်းဝန်ထမ်းတွေရဲ့ မမှန်မကန်ဆုံးဖြတ်မှုကို အလိုမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ အောက်တိုဘာ ၈ ရက်က မြို့ခံတချို့က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
“မြေယာဥပဒေက မှန်တယ်၊ ဥပဒေအတိုင်း လူတွေက မလိုက်နာဘဲ လူတွေ လုပ်သွားခြင်းကြောင့် ဥပဒေတွေ ပျက်စီးရတဲ့ အနေအထားရှိတယ်”လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးစစ်အောင်က ပြောပါတယ်။
ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုဖိုးဇော်ကတော့ “ကျနော်တို့လယ်တွေကို လုသွားပြီး လုတဲ့ သူတွေက သူဌေးတစ်ဦးကို ရောင်းစားလိုက်တယ်” လို့ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ မြို့ခံ အင်အား ၃၀ လောက်က ဗီနိုင်းပိုစတာတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကာ မြောင်းမြအဝေးပြေးကားကွင်းကနေ မြို့အတွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဦးဘချို ရုပ်တုရင်ပြင် အရှေ့မှာ ဟောပြောပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း-ဓာတ်ပုံ- ကျော်စိုးမိုး၊ဇော်မင်းသွင်