Home
အနုပညာ
နိုင်းနိုင်း၊ မေကဗျာ၊ မေမြင့်မိုရ်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ ပါဝင်သည့် ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်(န မူနာ)
DVB
·
October 8, 2019
Kabar Hna Htet
မိသားစု ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ လ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Golden Hour Entertainment နဲ့ Arkar Production တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပြီး ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တဲ့ လူငယ် ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မိသားစုဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ပျော်ရွှင်တဲ့ မိသားစုဘ၀ တည်ဆောက်ဖို့ သားသမီးရော မိဘတွေပါ အတူတူ ကြိုးစားကြဖို့ အရေးကြီးတဲ့အကြောင်းကို မီးမောင်းထိုးပြထားခဲ့တာကို ရှုစားကြရမှာပါ။ ပြိုကွဲနေတဲ့ မိသားစုတစုမှာ ဖခင်ဖြစ်သူနဲ့ ဖခင်ကို အမြင်မကြည်တဲ့ သမီးငယ်၊ မိခင်ဖြစ်သူတို့ဟာ သီးခြားခွဲနေထိုင်ကြပါတယ်။ တနေ့မှာတော့ နှစ်တိုင်း သွားနေကျ အဘွားဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့ မိခင်က မအားတဲ့အတွက် အဖေဖြစ်သူကို အကူအညီတောင်းချိန်မှာ သွားရတဲ့ ခရီးစဉ်တလျှောက် ဘယ်လိုတွေ ကြုံတွေ့ကြရမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲ၊ မိသားစုတခုမှာ လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုအရာတွေက တားဆီးကာကွယ်နေသလဲ ဆိုတာတွေကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား နိုင်းနိုင်း၊ မေကဗျာ၊ မေမြင့်မိုရ်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အထူးပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ  ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024