Home
မြန်မာသတင်း
မိတ္ထီလာတွင် တပ်ကြပ်ကြီး ၁ ဦးအား ဓားဖြင့်ခုတ်ပြီး လုယက်မှုဖြစ်ပွား
DVB
·
October 7, 2019
72380248_3038570926281904_6136331346160648192_n
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ထနောင်းကန်ရွာလမ်းခွဲအနီးမှာ အောက်တိုဘာလ ၆ ရက် ညနေက အဝေးသင်တက္ကသိုလ် တက်နေတဲ့ အမှတ် (၁၀) တပ်မတော်အကြီးစား စက်ရုံက တပ်ကြပ်ကြီး ၂ ဦး ဓားနဲ့ခုတ်ပြီး လုယက်ခံလိုက်ရတယ် လို့ မိတ္ထီလာအမှတ်-၃ ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာ အမှတ် (၃) ရဲစခန်းတာဝန်ကျ ရဲအရာရှိက "တပ်ကြပ်ကြီး ၁ ဦးပဲ ဒဏ်ရာရတယ်။ ညာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၂ချက် နဲ့ ညာဘက်လက်ဖဝါးမှာ ၄လက်မလောက် ပြတ်ရှဒဏ်ရာ ရသွားတယ်။ ခုတင် ၅၀၀ တပ်မတော်ဆေးရုံ ပို့ပေးရတယ် မစိုးရိမ်ရပါဘူး။ တရားခံတွေ အမြန်ဆုံး ဖမ်းမိအောင် လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။ ပထဝီဘာသာအဓိကနဲ့ အဝေးသင်တက္ကသိုလ် တတိယနှစ်ကို တက်ရောက်နေတဲ့ အမှတ် (၁၀) တပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီးပိုင်စိုးသူနဲ့ တပ်ကြပ်ကြီးသက်ဝေတို့ ၂ ဦး အဝေးသင်တက္ကသိုလ်မှ ဆိုင်ကယ်နဲ့ တပ်ကို ပြန်လာကြစဉ်   ထနောင်းကန်ရွာလမ်းခွဲအနီးမှာ အမည်မသိ အမျိုးသား ၄ ဦး စီးလာတဲ့ ဆိုင်ကယ်က ကျော်တက်ပြီး ကန့်လန့်ပိတ်ရပ်ခဲ့ပါတယ်။ ဒိနောက် အဆိုပါ အမျိုးသားက အရိုးသွား ၁၀လက်မရှိပြီး ဗြက် ၄ လက်မ ရှိတဲ့ မီးဖိုချောင်သုံး စတီးဓားနဲ့ တပ်ကြပ်ကြီးသက်ဝေကို ခုတ်တာကြောင့် ဒဏ်ရာရခဲ့ပါတယ်။ တပ်ကြပ်ကြီးပိုင်စိုးသူကတော့ ရှောင်တိမ်းလိုက်တာကြောင့် ဒဏ်ရာမရခဲ့ပါဘူး။  အဲဒီနောက် Mi Note7 ဖုန်း ၁ လုံး နဲ့ ငွေ ကျပ် ၁၂၀၀၀ ပါ ပိုက်ဆံအိတ်ကို ယူပြီး ထွက်သွားကြတယ်လို့ ရဲစခန်းမှာ တိုင်ချက်ပေး အမှုဖွင့်ထားပါတယ်။ မိတ္ထီလာ အမှတ် (၃) ရဲစခန်းက အမည်မသိ အမျိုးသား ၄ ဦးကို  ဒဏ်ရာရအောင်ပြုလုပ်ပြီး လုယက်မှုရာဇသတ်ကြီးပုဒ်မ ၃၉၄၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024