Home
မြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော်အပေါ် မချေမငံဆက်ဆံခဲ့သည့် လဝက ဝန်ကြီးကို ဥက္ကဋ္ဌ သတိပေး
DVB
·
October 7, 2019
66772085_485747138662514_8621780077987758080_o
မေးခွန်းဖြေကြားရမှာ လွှတ်တော်အပေါ် မချေမငံဆက်ဆံခဲ့တဲ့ မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ လူစွမ်းအား အရင်းအမြစ် ဝန်ကြီးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အပြင်းအထန် သတိပေးလိုက်ပါတယ်။  နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ပြုလုပ်ပေးတဲ့နေရာမှာ မိဘဖြစ်တည်မှုအတိုင်း ထည့်သွင်းထားမှု မရှိတဲ့အပေါ် အောက်တိုဘာ ၇ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးမြန်းရ သထုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နဲ့ လဝကဝန်ကြီးတို့ အပြန်အလှန်အချေအတင် ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဝန်ကြီးက ကိုယ်စားလှယ်ကို ကိုယ်တိုင် သွားရောက်ကွင်းဆင်းပြီး လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အခုလို ပြောဆိုမှုဟာ လွှတ်တော်အပေါ် မလေးစားသလိုဖြစ်နေတဲ့အတွက်ကြောင့် မေးခွန်းဖြေဆိုရမှာ လွှတ်တော်ကို လေးလေးစားစားပြောဆို ဆက်ဆံဖို့ လဝက ဝန်ကြီးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်တာပါ။ မွန်ပြည်နယ် လွှတ်တော်မှာတော့ အခုလို ဝန်ကြီး ဖြေဆိုရမယ့် မေးခွန်းကို ကိုယ်စားလှယ် ကိုယ်တိုင် သွားရောက်စစ်ဆေးဖို့ ပြောဆိုလာဟာ ပထမဦးဆုံးဖြစ်ရပ် တခုလည်း ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024