Homeမြန်မာသတင်း
ကွယ်လွန်သွားသည့် မီးသတ်ဦးစီး၊ ရဲဒုတပ်ကြပ်အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆု ချီးမြှင့်
ကွယ်လွန်သွားသည့် မီးသတ်ဦးစီး၊ ရဲဒုတပ်ကြပ်အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆု ချီးမြှင့်
DVB
·
October 5, 2019
ကွယ်လွန်သွားတဲ့ မီးသတ်ဦးစီးအရာရှိနဲ့ ရဲဒုတပ်ကြပ်အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်အား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပါတယ်။
တိုင်းဒေသကြီးအတွင်း မီးငြိမ်းသတ်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကွယ်လွန်သွားတဲ့ ဒုတပ်ကြပ်နဲ့ မီးသတ်ဦးစီးဌာနမှ ကွယ်လွန်သွားတဲ့ ဦးစီးအရာရှိတို့ (ကိုယ်စား) ဇနီးဖြစ်သူတို့အား ငွေကြေးထောက်ပံ့ ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ့တာဝန်နဲ့ ပြည်သူ့အကျိုးကို စွမ်းဆောင်ရင်း အသက်ပေးသွားကြသူတွေ၊ ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တာကြောင့် အခုလို ဂုဏ်ပြုဆု ချီးမြှင့်တာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ မီးငြိမ်းသတ် ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင် (၃၁) ဦးအား တဦးကို ကျပ် (၂) သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရဲတပ်ဖွဲ့မှ ကွယ်လွန်သွားတဲ့ ဒုတပ်ကြပ် မျိုးမြင့်လွင်နဲ့ မီးသတ်ဦးစီးဌာနမှ ကွယ်လွန်သွားတဲ့ ဦးစီးအရာရှိ ဦးကျော်စွာလင်းတို့(ကိုယ်စား) ဇနီးဖြစ်သူတို့အား ကျပ် ၂၀ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနရဲ့ လူမှုရေးရန်ပုံငွေအတွက် ကျပ် ၂၅ သိန်းပေးအပ်ခဲ့ပါတယ်။