Home
မြန်မာသတင်း
မြန်မာ့ဂုဏ်ပွဲတော် ဝန်ကြီးများရုံးတွင် ကျင်းပ
ဆုဆုသွယ်
·
October 4, 2019
wg13
wg12
wg11
wg10
wg9
wg8
wg7
wg6
wg5
wg4
wg3
wg2
wg
wg1
မြန်မာ့ရိုးရာယဉ်ကျေးမှု၊ လက်မှုအနုပညာတွေနဲ့ ထုတ်လုပ်ကုန်တွေကို လေလာနိုင်မယ့် Myanmar’s Pride မြန်မာ့ဂုဏ်ပွဲတော်ကို အောက်တိုဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ ကျင်းပနေပါတယ်။ မြန်မာရိုးရာယဉ်ကျေးမှုလက်မှုပညာတွေကို နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့ လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်ဖို့နဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ထုတ်ကုန်တွေကို ပြည်သူတွေနဲ့ နိုင်ငံတကာက လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့အတွက် မြန်မာ့ ဂုဏ်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ပွဲတော်မှာတော့ မြန်မာ့နိုင်ငံကထုတ်လုပ်တဲ့ စားသောက်ကုန်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ရိုးရာလက်မှုပစ္စည်းတွေ၊ ရိုးရာချည်ထည်တွေနဲ့ အဖိုးတန်ရတနာတွေကို ပြသရောင်းချနေတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လက်မှုအနုပညာတွေဖြစ်တဲ့ ပန်းချီ၊ ပန်းပု၊ ရွှေဆိုင်းနဲ့ ရိုးရာယက်ကန်းယက်လုပ်နေတာတွေကို အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။  ပွဲတော်ကျင်းပနေစဉ်ကာလအတွင်း ညနေခင်းတွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အက၊  အလှတွေနဲ့ဖျော်ဖြေတင်ဆက်သွားမှာပါ။ မြန်မာ့ဂုဏ်ပွဲတော်ကို လာရောက်လည်ပတ်မယ့် ပြည်တွင်းက ပြည်သူတွေကို အခမဲ့ဝင်ရောက်ခွင့်ပြုထားပေမယ့် နိုင်ငံခြားသားတွေကိုတော့ တဦးကို ငွေကျပ် ၈ ထောင်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024