မောင်တော နယ်စပ်ခြံစည်းရိုးအနီး ကျပ်သိန်း ၁၇၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
October 4, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုးအနီး ကျပ်သိန်း ၁၇၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၅ဝ လောက်မှာ သတင်းအရ နယ်စပ်ခြံစည်းရိုး ကင်းပတ်လမ်းအတိုင်း မြောက်မှတောင်ကို လမ်းလျှောက်လာတဲ့ မသင်္ကာဖွယ် လူသုံးဦးအား တွေ့ရှိတာကြောင့် စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာရပ်တ န့်ခြင်းမရှိဘဲ အနက်ရောင်ကြွပ်ကြွပ်အိတ် တထုတ်အား ပစ်ချထွက်ပြေးသွား ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ကြွပ်ကြွပ်အိတ်အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၅ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၇ဝဝ)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေအား ငါးခူရ နယ်မြေရဲစခန်းကို စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သိရပါတယ်။