Homeမြန်မာသတင်း
ခေတ် ၂ ခေတ်ရဲ့ ကြေးမုံပြင်(သို့)နွဲ့ယဉ်ဝင်း၊ သားသား၊ ထက်ယံတို့ သီဆိုသည့် မောင့်အချစ်ဦး (ရုပ်သံ)
ခေတ် ၂ ခေတ်ရဲ့ ကြေးမုံပြင်(သို့)နွဲ့ယဉ်ဝင်း၊ သားသား၊ ထက်ယံတို့ သီဆိုသည့် မောင့်အချစ်ဦး (ရုပ်သံ)
DVB
·
October 3, 2019
“လာလာလာ လာလား… လာလာလာ လာလား… လာလာလာ လာလားလား လာ့လာ… သူလည်မလိုလိုဟန်နဲ့… တခါတလေဆို ဉာဏ်နည်း… ကိုလူလည်ရယ် မျက် လုံးကလေး ကလယ်ကလယ်… နှင်ရင်တောင် ထွက်မသွား… သူဒီအနားလေး တဝဲ လည်လည်”
ဒါကတော့ အသစ်ထွက်ရှိလာတဲ့ မောင့်အချစ်ဦး အမည်ရတဲ့ သီချင်းဖြစ်ပြီး လတ်တလော အွန်လိုင်းပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။
ဒီသီချင်းကိုတော့ လူငယ်တေးသံရှင် ထက်ယံက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ထူးခြားတဲ့ တွဲဖက်သီဆိုမှုအဖြစ် ဝါရင့်အဆိုတော် နွဲ့ယဉ်ဝင်းနဲ့အတူ သားသား၊ ထက် ယံတို့ အတူတွဲဖက်သီဆိုထားကြတာ ဖြစ်ပါတယ်။
“သူ အကြိမ်ကြိမ်အခါခါ လိမ်သမျှ… မပီမပြင် အထာမကျ… ခန့်မှန်းရ သိပ်လွယ် တယ်… သူ ဝန်မခံချင်ပေမယ့်… ဒါတွေဟာ သိပ်မဆန်းကြယ်… မောင်ရယ်… တကယ် ချစ်ရဲ့လားတော့ မသိပါဘူး… သူပြောတာ ၂ ယောက်မရှိပါဘူးတဲ့ကွယ်… နေ့တိုင်းသာ တယောက်နဲ့ ရူး… သူပြောတာ မောင့်အချစ်ဦး”
အန်တီဂျွိုက်စ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြ၊ သိထားကြတဲ့ အဆိုတော် နွဲ့ယဉ်ဝင်းဟာ လက်ရှိအချိန်မှာတော့ အသက် ၇၄ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် တက် ကြွစွာပဲ မျိုးဆက်သစ်တွေနဲ့အပြိုင် သီဆိုနေနိုင်ဆဲဖြစ်တာကို ရှုစားကြရမှာပါ။
၁၉၇၀ ပြည့်လွန်နှစ်တွေ တက္ကသိုလ်ကျောင်းသူဘဝ၊ အင်္ဂလိပ်စာကထိက တ ယောက်ဘဝကတည်းက အမေရိကန်ကန်းထရီးသီချင်းတွေ၊ ပေါ့ပ်သီချင်းတွေ အတော် များများကို မြန်မာဘာသာနဲ့ ကာဗာသီချင်းတွေအဖြစ် သီဆိုအောင်မြင်ခဲ့တဲ့ နွဲ့ယဉ်ဝင်း ကို ခေတ်သစ်မြန်မာပေါ့ပ်ဂီတလောကရဲ့ ဦးဆောင်သူတဦးအနေနဲ့လည်း သိကြပါ တယ်။
“ချစ်တော့ချစ်တယ်… လုပ်လိုက်… ချစ်တော့ချစ်တယ်… လုပ်လိုက်… သိပ်သိပ် ချစ်တယ် သိသိရက်နဲ့… တုပ်တုပ်မလှုပ်အောင်ချုပ်လိုက်… ချစ်တော့ချစ်တယ်… လုပ် လိုက်… ချစ်တော့ချစ်တယ်… လုပ်လိုက်”
ဒီသီချင်းကတော့ လူငယ်ပရိသတ်ကြိုက် အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ သား သား၊ ထက်ယံတို့ရဲ့ တေးအယ်လ်ဘမ်သစ်-ရှေ့မီနောက်မီထဲက သီချင်းတပုဒ်ဖြစ်ပြီး ခု လိုတွဲဖက်သီဆိုဟန်ကတော့ ခေတ် ၂ ခေတ်ရဲ့ ကြေးမုံပြင်လို တမျိုးထူးခြားလို့ နေခဲ့ တာပါ။
ဒီသီချင်းရုပ်သံကိုတော့ သားသားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။