Home
မြန်မာသတင်း
ခွေးရူးရောဂါကြောင့် ၂ ရက်တွင် လူ ၁ ယောက် သေဆုံးနေ
DVB
·
September 28, 2019
Rabies
ခွေးရူးရောဂါကြောင့် ၂ ရက်မှာ လူတယောက် သေဆုံးနေတာကြောင့် ပိုမိုဂရုစိုက်သင့်ပြီလို့  မြန်မာနိုင်ငံ ဆရာဝန်အသင်းက ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာထင်အောင်စောက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ဟာ ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်ရေးနေ့ Rabies Day ဖြစ်ပါတယ်။  Rabies လို့ ခေါ်တဲ့ ခွေးရူးရောဂါပိုးက ခွေးနဲ့ ကြောင် တိရစ္ဆာန်တွေကနေ ကူးစက်တတ်ပြီး မြန်မာနိုင်ငံမှာ ခွေးကိုက်တာကနေ ကူးစက်တာ အများဆုံး ဖြစ်ပွားနေတယ်လို့ ဒေါက်တာ စောထင်အောင်က ပြောပါတယ်။ “မြန်မာနိုင်ငံထဲမှာ ခွေးရူးပြန်ရောဂါနဲ့ နှစ်စဉ် နှစ်စဉ် ဘယ်လောက်အထိ သေဆုံးနေလဲ ဆိုတာ သိဖို့တော့ နည်းနည်းခက်တယ်။ ဒါပေမဲ့ ကျနော် အကြမ်းသိထားရသလောက် ကိန်းဂဏန်းတွေအရဆိုရင် ခွေးဦးရေထက် ပိုများတယ်။ ခွေးဦးရေကလည်း လူဆယ်ယောက်မှာ တကောင်နှုန်းလောက် ရှိတယ်။ မြန်မာပြည်မှာ လူဦးရေက သန်း ငါးဆယ်ကျော်လောက် ရှိတယ်ဆိုတော့ ခွေးဦးရေကလည်း ငါးသန်းလောက်ပဲ ရှိမယ်လို့ မှန်းထားပါတယ်။ အဲဒီခွေးဦးရေမှာ တော်တော်များများက ခွေးလေခွေးလွင့် ဖြစ်ပါတယ်။ အိမ်မွေးထားတဲ့ ခွေးတွေကို စနစ်တကျ မွေးထားမယ်၊ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးထားမယ် ဆိုရင်တော့ ခွေးရူးရောဂါ ပြန့်ပွားမှု နည်းမယ်။ နှစ်ရက်မှာ လူ တယောက်လောက် ခွေးရူးပြန်ရောဂါနဲ့ သေနေတယ်။ ကမ္ဘာမှာ ခွေးရူးပြန်ရောဂါဖြစ်တာ များတဲ့ထဲမှာ ပါပါတယ်။ ခွေးရူးပြန်ရောဂါ ဖြစ်ရင်တော့ ကုစရာ ဆေးမရှိတော့ပါဘူး။ ၁၀၀ ရာခိုင်နှုန်း သေပါတယ်။” ဒါကြောင့် ခွေးလေခွေးလွင့်လျော့ပါးရေတွေ လုပ်ဆောင်တာနဲ့ ခွေးကိုက်ခံရတာကနေ ကာကွယ်နေထိုင်တာတွေက ခွေးရူးရောဂါကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံနိုင်ရေးအတွက် ့နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသွားရောက်ပြသကြဖို့လည်း ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာထင်အောင်စောက တိုက်တွန်းလိုက်ပါတယ်။ ~~~~~~~~~~~~~~~ Zawgyi_version ေခြး႐ူးေရာဂါေၾကာင့္ ၂ ရက္တြင္ လူ ၁ ေယာက္ ေသဆုံးေန ေခြး႐ူးေရာဂါေၾကာင့္ ၂ ရက္မွာ လူတေယာက္ ေသဆုံးေနတာေၾကာင့္ ပိုမိုဂ႐ုစိုက္သင့္ၿပီလို႔  ျမန္မာႏိုင္ငံ ဆရာဝန္အသင္းက ပါေမာကၡ ဆရာဝန္ႀကီး ေဒါက္တာထင္ေအာင္ေစာက ေျပာပါတယ္။ ဒီကေန႔ စက္တင္ဘာ ၂၈ ရက္ေန႔ဟာ ကမာၻ႔ေခြး႐ူးျပန္ေရာဂါကာကြယ္ေရးေန႔ Rabies Day ျဖစ္ပါတယ္။ Rabies လို႔ ေခၚတဲ့ ေခြး႐ူးေရာဂါပိုးက ေခြးနဲ႔ ေၾကာင္ တိရစာၦန္ေတြကေန ကူးစက္တတ္ၿပီး ျမန္မာႏိုင္ငံမွာ ေခြးကိုက္တာကေန ကူးစက္တာ အမ်ားဆုံး ျဖစ္ပြားေနတယ္လို႔ ေဒါက္တာ ေစာထင္ေအာင္က ေျပာပါတယ္။ “ျမန္မာႏိုင္ငံထဲမွာ ေခြး႐ူးျပန္ေရာဂါနဲ႔ ႏွစ္စဥ္ ႏွစ္စဥ္ ဘယ္ေလာက္အထိ ေသဆုံးေနလဲ ဆိုတာ သိဖို႔ေတာ့ နည္းနည္းခက္တယ္။ ဒါေပမဲ့ က်ေနာ္ အၾကမ္းသိထားရသေလာက္ ကိန္းဂဏန္းေတြအရဆိုရင္ ေခြးဦးေရထက္ ပိုမ်ားတယ္။ ေခြးဦးေရကလည္း လူဆယ္ေယာက္မွာ တေကာင္ႏႈန္းေလာက္ ရွိတယ္။ ျမန္မာျပည္မွာ လူဦးေရက သန္း ငါးဆယ္ေက်ာ္ေလာက္ ရွိတယ္ဆိုေတာ့ ေခြးဦးေရကလည္း ငါးသန္းေလာက္ပဲ ရွိမယ္လို႔ မွန္းထားပါတယ္။ အဲဒီေခြးဦးေရမွာ ေတာ္ေတာ္မ်ားမ်ားက ေခြးေလေခြးလြင့္ ျဖစ္ပါတယ္။ အိမ္ေမြးထားတဲ့ ေခြးေတြကို စနစ္တက် ေမြးထားမယ္၊ ေခြး႐ူးေရာဂါ ကာကြယ္ေဆး ထိုးထားမယ္ ဆိုရင္ေတာ့ ေခြး႐ူးေရာဂါ ျပန႔္ပြားမႈ နည္းမယ္။ ႏွစ္ရက္မွာ လူ တေယာက္ေလာက္ ေခြး႐ူးျပန္ေရာဂါနဲ႔ ေသေနတယ္။ ကမာၻမွာ ေခြး႐ူးျပန္ေရာဂါျဖစ္တာ မ်ားတဲ့ထဲမွာ ပါပါတယ္။ ေခြး႐ူးျပန္ေရာဂါ ျဖစ္ရင္ေတာ့ ကုစရာ ေဆးမရွိေတာ့ပါဘူး။ ၁၀၀ ရာခိုင္ႏႈန္း ေသပါတယ္။” ဒါေၾကာင့္ ေခြးေလေခြးလြင့္ေလ်ာ့ပါးေရေတြ လုပ္ေဆာင္တာနဲ႔ ေခြးကိုက္ခံရတာကေန ကာကြယ္ေနထိုင္တာေတြက ေခြး႐ူးေရာဂါကို ကာကြယ္ႏိုင္မယ္လို႔ ဆိုပါတယ္။ ေခြးကိုက္ခံရရင္ ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆးကို စနစ္တက်ထိုးႏွံႏိုင္ေရးအတြက္ ့နီးစပ္ရာ က်န္းမာေရးဌာနေတြကို အျမန္ဆုံးသြားေရာက္ျပသၾကဖို႔လည္း ပါေမာကၡ ဆရာဝန္ႀကီး ေဒါက္တာထင္ေအာင္ေစာက တိုက္တြန္းလိုက္ပါတယ္။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013