Home
မြန်မာသတင်း
မြန်မာ-ဂျပန် တပ်မတော်နှစ်ရပ်အကြား သင်တန်းသားများ စေလွှတ်ရေး ဆွေးနွေး
DVB
·
September 27, 2019
D7tIw80oERw
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ မနေ့က တွေ့ဆုံပြီး မြန်မာငြိမ်းချမ်းရေးကိစ္စအပါအဝင် တပ်မတော်နှစ်ရပ် အကြား သင်တန်းသားတွေ စေလွှတ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမှာ လက်ခံတွေ့ဆုံခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်တွေနဲ့ တပ်မတော်နှစ်ရပ်အကြား သင်တန်းသားတွေ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနဲ့အတူ ကောင်စစ်ဝန် Mr. Kazuyuki Takimi တို့ တက်ရောက်ခဲ့ကြပါတယ်။
ျမန္မာ-ဂ်ပန္ တပ္မေတာ္ႏွစ္ရပ္အၾကား သင္တန္းသားမ်ား ေစလႊတ္ေရး ေဆြးေႏြး DVB တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးနဲ႔ မေန႔က ေတြ႕ဆုံၿပီး ျမန္မာၿငိမ္းခ်မ္းေရးကိစၥအပါအဝင္ တပ္မေတာ္ႏွစ္ရပ္ အၾကား သင္တန္းသားေတြ ေစလႊတ္ေရး ကိစၥရပ္ေတြ ေဆြးေႏြးခဲ့ၾကပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕အား စက္တင္ဘာ ၂၆ ရက္ေန႔ ညေနပိုင္းက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမွာ လက္ခံေတြ႕ဆုံခဲ့တာလို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ ေတြ႕ဆုံရာမွာ ႏွစ္ႏိုင္ငံနဲ႔ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုခိုင္မာေအာင္ေဆာင္႐ြက္သြားေရး၊ ျမန္မာႏိုင္ငံ ျပည္တြင္းၿငိမ္းခ်မ္းေရး ဆိုင္ရာကိစၥရပ္ေတြနဲ႔ တပ္မေတာ္ႏွစ္ရပ္အၾကား သင္တန္းသားေတြ ေစလႊတ္ေရးဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ေတြ႕ဆုံပြဲကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္နဲ႔ တပ္မေတာ္အရာရွိႀကီးေတြ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီးနဲ႔အတူ ေကာင္စစ္ဝန္ Mr. Kazuyuki Takimi တို႔ တက္ေရာက္ခဲ့ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024