လုယက်မှုတရားခံကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးခံရပြီး သေဆုံး
DVB
·
September 25, 2019
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာ လုယက်မှုတရားခံတွေကို လိုက်လံဖမ်းဆီးစဉ် တရားခံက ပြန်လည်ရန်ပြုပြီး ဓားနဲ့ ထိုးလို့ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက မောင်ကောင်းထက်လင်း(၁၅-နှစ်)ပါ နှစ်ဦးဟာ ဘုရားလမ်းဘူတာမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားသံလမ်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်းဈေးအနောက်ဘက်ရှိ လူကူးခုံးတံတားအောက်အရောက်မှာ မဲလုံး(၁၉-နှစ်)၊ အောင်သူ(၂၀-နှစ်)နဲ့ အောင်ကိုဦး(၁၉-နှစ်)တို့ ၃ ဦး ရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ မောင်ကောင်းထက်လင်းရဲ့ Vivo-51 အမျိုးအစား ဖုန်းတလုံးကို လုယူကာ ဘုရားလမ်းဘူတာဘက်သို့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလုယက်မှုကို သတင်းရလို့ ရန်ကုန် ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက တရားခံတွေကို စုံစမ်းဖမ်းဆီးရာမှာ မဲလုံးကို ပန်းဆိုးတန်း ခုံးတံတားအောက်မှာ ဖမ်းဆီးရမိပြီး အောင်သူပါ ၂ ဦးက သိမ်ဖြူမီးရထားရပ်ကွက်ဘက်သို့ ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးစဉ် အောင်သူက အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန်နဲ့ ထိုးပြီးထွက်ပြေးသွားတာကြောင့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်ရဲ့ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လူငယ် ၃ ဦးကို ဒဂုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂(လူသတ်မှု၊လုယက်မှု)နဲ့ အမှုဖွင့်ပြီး ထွက်ပြေးတရားခံ အောင်ကိုဦးနဲ့ အောင်သူတို့ကို စက်တင်ဘာ ၂၄ ရက်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ- ရဲဇာနည်
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
လုယက္မႈတရားခံကို ဖမ္းဆီးစဥ္ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး ဓားထိုးခံရၿပီး ေသဆုံး
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္မွာ လုယက္မႈတရားခံေတြကို လိုက္လံဖမ္းဆီးစဥ္ တရားခံက ျပန္လည္ရန္ျပဳၿပီး ဓားနဲ႔ ထိုးလို႔ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး ေသဆုံးသြားတယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။
စက္တင္ဘာ ၂၃ ရက္ မြန္းလြဲ ၃ နာရီက ေမာင္ေကာင္းထက္လင္း(၁၅-ႏွစ္)ပါ ႏွစ္ဦးဟာ ဘုရားလမ္းဘူတာမွ ရန္ကုန္ဘူတာႀကီးသို႔ မီးရထားသံလမ္းအတိုင္း လမ္းေလွ်ာက္လာစဥ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးအေနာက္ဘက္ရွိ လူကူးဂုံးတံတားေအာက္အေရာက္မွာ မဲလုံး(၁၉-ႏွစ္)၊ ေအာင္သူ(၂၀-ႏွစ္)နဲ႔ ေအာင္ကိုဦး(၁၉-ႏွစ္)တို႔ ၃ ဦး ေရာက္ရွိလာၿပီး ဓားျဖင့္ၿခိမ္းေျခာက္ကာ ေမာင္ေကာင္းထက္လင္းရဲ႕ Vivo-51 အမ်ိဳးအစား ဖုန္းတလုံးကို လုယူကာ ဘုရားလမ္းဘူတာဘက္သို႔ ထြက္ေျပးသြားခဲ့တယ္လို႔ ဆိုပါတယ္။
အဆိုပါလုယက္မႈကို သတင္းရလို႔ ရန္ကုန္ ဘူတာႀကီးရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ေတြက တရားခံေတြကို စုံစမ္းဖမ္းဆီးရာမွာ မဲလုံးကို ပန္းဆိုးတန္း ခုံးတံတားေအာက္မွာ ဖမ္းဆီးရမိၿပီး ေအာင္သူပါ ၂ ဦးက သိမ္ျဖဴမီးရထားရပ္ကြက္ဘက္သို႔ ထြက္ေျပးသြားလို႔ လိုက္လံဖမ္းဆီးစဥ္ ေအာင္သူက အ႐ိုးအသြား ၉ လက္မခန႔္ရွိ ဓားဦးခြၽန္နဲ႔ ထိုးၿပီးထြက္ေျပးသြားတာေၾကာင့္ ရဲဒုတပ္ၾကပ္ မ်ိဳးျမင့္လြင္ရဲ႕ ဝဲရင္အုံ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ဝမ္းဗိုက္ဝဲဘက္ထိုးသြင္းဒဏ္ရာ ၁ ခ်က္ ရရွိေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ လူငယ္ ၃ ဦးကို ဒဂုံၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၉၂(လူသတ္မႈ၊လုယက္မႈ)နဲ႔ အမႈဖြင့္ၿပီး ထြက္ေျပးတရားခံ ေအာင္ကိုဦးနဲ႔ ေအာင္သူတို႔ကို စက္တင္ဘာ ၂၄ ရက္မွာ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ သတင္းမွာေဖာ္ျပပါတယ္။
ဓာတ္ပုံ- ရဲဇာနည္