Home
အနုပညာ
မြင့်မြတ်၊ ကျော်ကျော်ဗို၊ ရဲလေး၊ သက်မွန်မြင့်တို့ ပါဝင်သည့် အချစ်ဟာသရုပ်ရှင်- ဘာလာလာ(ရုပ်သံ)
DVB
·
September 18, 2019
Bar Lar Lar
ပေါ့ပေါ့ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဘာလာလာ ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ညာလက်တော်ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ရဲလေး၊ သက်မွန်မြင့်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားကြပြီး ဘာလာလာ ဆိုတဲ့အတိုင်း ဘယ်လို အလွဲအချော်၊ ဟာသ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲနီးပါး ရှိနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမင့္ျမတ္၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ သက္မြန္ျမင့္တို႔ ပါဝင္သည့္ အခ်စ္ဟာသ႐ုပ္ရွင္- ဘာလာလာ(႐ုပ္သံ) ေပါ့ေပါ့ပါးပါး ျမန္မာအခ်စ္ဟာသ႐ုပ္ရွင္ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ ဘာလာလာ ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ ေတာ္ဝင္မင္းသား ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာ ျဖစ္ၿပီး ညာလက္ေတာ္ရဲ႕ ဇာတ္လမ္းကို မိုးနီလြင္က ဇာတ္ၫႊန္းခြဲေပးထားၿပီး ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ သက္မြန္ျမင့္တို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္သ႐ုပ္ေဆာင္ထားၾကၿပီး ဘာလာလာ ဆိုတဲ့အတိုင္း ဘယ္လို အလြဲအေခ်ာ္၊ ဟာသ ဇာတ္လမ္း ဇာတ္ကြက္ေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္းခြဲနီးပါး ရွိေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024