နာရေးမဏ္ဍပ်ပေါ် ကုက္ကိုပင် လဲကျသဖြင့်လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
September 17, 2019
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အနီး ကျွဲဘုတ်ကျေးရွာအုပ်စု၊ ဓာတ်ချောင်းကျေးရွာမှာ စက်တင်ဘာ ၁၆ ရက် မနက် ၁၀နာရီကျော်က နာရေးအိမ်မဏ္ဍပ်ပေါ်ကို သက်တမ်းရင့် ကုက္ကိုပင် လဲကျခဲ့တာကြောင့် လူ ၁၁ ဦး ထိခိုက်ခဲ့ပြီး ၃ ဦးကို ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက "မိုးက အဆက်မပြတ်ရွာတော့ သစ်ပင်က အမြစ်ကနေ ကြွတက်ပြီး မဏ္ဍပ်ပေါ်ကို လဲကျသွားတာ။ အပင်ကလည်း သက်တမ်းကြာနေပြီလေ။ နာရေးလာတဲ့သူ ၁၁ ဦး ထိခိုက်မိတယ်"လို့ ပြောပါတယ်။
ခြေထောက်ကျိုးတဲ့သူနဲ့ ဦးခေါင်းခိုက်မိတဲ့သူ ၃ ဦးကိုတော့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာသိပ်မပြင်းထန်တဲ့ ကျန်တဲ့ ၈ ဦးကိုတော့ ဥက္ကံတိုက်နယ်ဆေးရုံမှာ တင်ထားတယ်လို့ သိရပါတယ်။
မေသွယ်
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
နာေရးမ႑ပ္ေပၚ ကုကၠိဳလ္ပင္ လဲက်သျဖင့္လူ ၁၁ ဦး ထိခိုက္ဒဏ္ရာရ
ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕အနီး ကြၽဲဘုတ္ေက်း႐ြာအုပ္စု၊ ဓာတ္ေခ်ာင္းေက်း႐ြာမွာ စက္တင္ဘာ ၁၆ ရက္ မနက္ ၁၀နာရီေက်ာ္က နာေရးအိမ္မ႑ပ္ေပၚကို သက္တမ္းရင့္ ကုကၠိဳပင္ လဲက်ခဲ့တာေၾကာင့္ လူ ၁၁ ဦး ထိခိုက္ခဲ့ၿပီး ၃ ဦးကို ရန္ကုန္ေဆး႐ုံႀကီးကို အေရးေပၚ ပို႔ေဆာင္လိုက္ရပါတယ္။
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္တင္ေထြးက "မိုးက အဆက္မျပတ္႐ြာေတာ့ သစ္ပင္က အျမစ္ကေန ႂကြတက္ၿပီး မ႑ပ္ေပၚကို လဲက်သြားတာ။ အပင္ကလည္း သက္တမ္းၾကာေနၿပီေလ။ နာေရးလာတဲ့သူ ၁၁ ဦး ထိခိုက္မိတယ္"လို႔ ေျပာပါတယ္။
ေျခေထာက္က်ိဳးတဲ့သူနဲ႔ ဦးေခါင္းခိုက္မိတဲ့သူ ၃ ဦးကိုေတာ့ ရန္ကုန္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ဒဏ္ရာသိပ္မျပင္းထန္တဲ့ က်န္တဲ့ ၈ ဦးကိုေတာ့ ဥကၠံတိုက္နယ္ေဆး႐ုံမွာ တင္ထားတယ္လို႔ သိရပါတယ္။
ေမသြယ္