ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး မိုင်းထောင်သူ သေဆုံး
DVB
·
September 15, 2019
ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာတံတားအနီး မိုင်းပေါက်ကွဲပြီး မိုင်းထောင်တဲ့သူပါ သေဆုံးသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။
"မိုင်းပေါက်တာမှန်ပါတယ်၊ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ဒီကောင်တွေ မိုင်းလာထောင်တာ စစ်ကြောင်းတွေလာနိုင်တဲ့ အဲဒီနေရာမှာ ဒီတခါဆိုရင် ၃ ခါရှိပြီ၊ ၂ ခါက မအောင်မြင်ခဲ့ဘူး။ အခုထောင်တာက မိုင်းထောင်တဲ့သူ မကျွမ်းကျင်တဲ့အတွက် မိုင်းထောင်ရင်းနဲ့ ပေါက်ကွဲပြီး ထောင်တဲ့သူပါ သေဆုံးသွားတယ်" လို့ အတည်ပြုပြောကြားပါတယ်။
ကင်ချောင်းကျေးရွာမှ တာဝန်ကျဆရာမတဦးက "ပေါက်ကွဲသံ ၂ ချက်ကြားရတယ်၊ ရွာသူရွာသားတွေပါ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ အခုတော့ ငြိမ်သက်သွားလို့ ကျမတို့လည်း ဘူးသီးတောင်ကို ပြန်လာကြပါပြီ” လို့ ပြောပါတယ်။
ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက “ရွာသူရွာသားတွေ ပြောတာက မိုင်း ၃ လုံး ပေါက်တယ်လို့တော့ကြားတယ်။ ရွာသူရွာသားတွေ စိုးရိမ်နေကြကြောင်း ဖုန်းဆက်လာကြတယ်” လို့ ဆိုပါတယ်။
ကင်းချောင်းကျေးရွာမှာ အိမ်ခြေ ၂၀ ကျော်နဲ့ ဦးရေ ၁၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နဲ့ ၄ မိုင်လောက် ဝေးတယ်လို့ သိရပါတယ်။
==================
ဘူးသီးေတာင္တြင္ မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္သူ ေသဆုံး
ေကာင္ေကာင္း
ဘူးသီးေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း၊ ကင္းေခ်ာင္းေက်း႐ြာတံတားအနီး မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္တဲ့သူပါ ေသဆုံးသြားတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳေျပာၾကားပါတယ္။
"မိုင္းေပါက္တာမွန္ပါတယ္၊ ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္မွာ ျဖစ္တာပါ။ ဒီေကာင္ေတြ မိုင္းလာေထာင္တာ စစ္ေၾကာင္းေတြလာႏိုင္တဲ့ အဲဒီေနရာမွာ ဒီတခါဆိုရင္ ၃ ခါရွိၿပီ၊ ၂ ခါက မေအာင္ျမင္ခဲ့ဘူး။ အခုေထာင္တာက မိုင္းေထာင္တဲ့သူ မကြၽမ္းက်င္တဲ့အတြက္ မိုင္းေထာင္ရင္းနဲ႔ ေပါက္ကြဲၿပီး ေထာင္တဲ့သူပါ ေသဆုံးသြားတယ္" လို႔ အတည္ျပဳေျပာၾကားပါတယ္။
ကင္ေခ်ာင္းေက်း႐ြာမွ တာဝန္က်ဆရာမတဦးက "ေပါက္ကြဲသံ ၂ ခ်က္ၾကားရတယ္၊ ႐ြာသူ႐ြာသားေတြပါ စာသင္ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတယ္။ အခုေတာ့ ၿငိမ္သက္သြားလို႔ က်မတို႔လည္း ဘူးသီးေတာင္ကို ျပန္လာၾကပါၿပီ” လို႔ ေျပာပါတယ္။
ဘူးသီးေတာင္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းေအာင္သိန္းက “႐ြာသူ႐ြာသားေတြ ေျပာတာက မိုင္း ၃ လုံး ေပါက္တယ္လို႔ေတာ့ၾကားတယ္။ ႐ြာသူ႐ြာသားေတြ စိုးရိမ္ေနၾကေၾကာင္း ဖုန္းဆက္လာၾကတယ္” လို႔ ဆိုပါတယ္။
ကင္းေခ်ာင္းေက်း႐ြာမွာ အိမ္ေျခ ၂၀ ေက်ာ္နဲ႔ ဦးေရ ၁၀၀ ေက်ာ္ရွိၿပီး ဘူးသီးေတာင္ၿမိဳ႕နဲ႔ ၄ မိုင္ေလာက္ ေဝးတယ္လို႔ သိရပါတယ္။