Home
မြန်မာသတင်း
ဂျွန်းဗလီ အခြေခံဘာသာရေးစာသင်ကျောင်းကို ဗိုလ်ချုပ်မှူးကြီး အလှူငွေ ပေးအပ်
Aung Aung Naing
·
September 11, 2019
Army give Joon Mosque 2
Army give Joon Mosque
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ဂျွန်းဗလီအတွင်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံဘာသာရေးစာသင်ကျောင်းကို တပ်မတော် ကြည်း၊ ရေ၊ လေနဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းလှူဒါန်းတဲ့ ငွေနဲ့ ပစ္စည်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တင်ဘာလ ၁၁ ရက်နေ့ မနက်မှာ ဂျွန်ဗလီ တာဝန်ရှိသူတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ နေတယ်၊ မြန်မာပြည်မှာ နေတယ်၊ မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသအောက်မှာ နေကြပြီး မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက် နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးကို လုပ်ဖို့ တာဝန်ရှိတယ်။ ကျနော်တို့တင် တာဝန်ရှိတာ မဟုတ်ဘူး နိုင်ငံမှာ နေတဲ့သူတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြောင့် ကျနော်တို့ဟာ လုပ်တဲ့ကိုင်တဲ့နေရာ ကိုယ့်ဒေသ တိုးတက်အောင် တူညီတဲ့ စိတ်ဓာတ်တွေနဲ့ ညီညီညွတ်ညွတ်လုပ်ဖို့ လိုအပ်တယ်” လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဂျွန်းဗလီ အခြေခံဘာသာရေးစာသင်ကျောင်းက တာဝန်ရှိသူ ဟာဂျီကိုညီညီက “ကျနော်တို့အနေနဲ့ အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လာရောက်လှူဒါန်းတဲ့အတွက် အတိုင်းမသိ ဝမ်းသာကျေနပ်မိပါတယ်” လို့ ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးချုပ်၊ တပ်မတော် ကြည်း၊ ရေ၊ လေနဲ့ စေတနာရှင် မိသားစုတွေက ငွေကျပ် သိန်း ၃၀၊ နယူးစတာကုမ္ပဏီမှ ဆန် ၅၀ အိတ်နဲ့ ငွေကျပ် ၁၀ သိန်း၊ သဇင်ကျော်ကုမ္ပဏီက ဆန်အိတ် ၃၀၊ အောင်မြင်သူ ကုမ္ပဏီက ဆန်အိတ် ၅၀ တို့ကို လှူဒါန်းခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီကလည်း မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကဆရာတော်ကြီးတွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂြၽန္းဗလီ အေျခခံဘာသာေရးစာသင္ေက်ာင္းကို ဗိုလ္ခ်ဳပ္မႉးႀကီး အလႉေငြ ေပးအပ္ မႏၲေလးတိုင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ ဂြၽန္းဗလီအတြင္းမွာ ဖြင့္လွစ္ထားတဲ့ အေျခခံဘာသာေရးစာသင္ေက်ာင္းကို တပ္မေတာ္ ၾကည္း၊ ေရ၊ ေလနဲ႔ ေစတနာရွင္ျပည္သူေတြ ပူးေပါင္းလႉဒါန္းတဲ့ ေငြနဲ႔ ပစၥည္းေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္တင္ဘာလ ၁၁ ရက္ေန႔ မနက္မွာ ဂြၽန္ဗလီ တာဝန္ရွိသူေတြကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။ “ျမန္မာႏိုင္ငံမွာ ေနတယ္၊ ျမန္မာျပည္မွာ ေနတယ္၊ ျမန္မာႏိုင္ငံရဲ႕ အရိပ္အာဝါသေအာက္မွာ ေနၾကၿပီး ျမန္မာႏိုင္ငံမွာ လုပ္ကိုင္စားေသာက္ ေနထိုင္ၾကသူေတြ ျဖစ္တဲ့အတြက္ ႏိုင္ငံရဲ႕ ေကာင္းရာေကာင္းက်ိဳးကို လုပ္ဖို႔ တာဝန္ရွိတယ္။ က်ေနာ္တို႔တင္ တာဝန္ရွိတာ မဟုတ္ဘူး ႏိုင္ငံမွာ ေနတဲ့သူတိုင္းမွာ တာဝန္ရွိတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ဟာ လုပ္တဲ့ကိုင္တဲ့ေနရာ ကိုယ့္ေဒသ တိုးတက္ေအာင္ တူညီတဲ့ စိတ္ဓာတ္ေတြနဲ႔ ညီညီၫြတ္ၫြတ္လုပ္ဖို႔ လိုအပ္တယ္” လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။ ဂြၽန္းဗလီ အေျခခံဘာသာေရးစာသင္ေက်ာင္းက တာဝန္ရွိသူ ဟာဂ်ီကိုညီညီက “က်ေနာ္တို႔အေနနဲ႔ အခုလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ လာေရာက္လႉဒါန္းတဲ့အတြက္ အတိုင္းမသိ ဝမ္းသာေက်နပ္မိပါတယ္” လို႔ ေျပာပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္၊ တပ္မေတာ္ ၾကည္း၊ ေရ၊ ေလနဲ႔ ေစတနာရွင္ မိသားစုေတြက ေငြက်ပ္ သိန္း ၃၀၊ နယူးစတာကုမၸဏီမွ ဆန္ ၅၀ အိတ္နဲ႔ ေငြက်ပ္ ၁၀ သိန္း၊ သဇင္ေက်ာ္ကုမၸဏီက ဆန္အိတ္ ၃၀၊ ေအာင္ျမင္သူ ကုမၸဏီက ဆန္အိတ္ ၅၀ တို႔ကို လႉဒါန္းခဲ့ပါတယ္။ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ တာဝန္ရွိသူေတြဟာ စက္တင္ဘာ ၁၁ ရက္ေန႔ မနက္ ၉ နာရီကလည္း မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ မစိုးရိမ္တိုက္သစ္ နာယကဆရာေတာ္ႀကီးေတြကို ဆြမ္းကပ္လႉဒါန္းခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024